
အသက် (၇)နှစ်အရွယ် ကောင်မလေး တစ်ဦးသည် အစာအိမ်ထဲတွင် လေးလက်မ အရွယ်ရှိ ဆံပင်လုံးကြီး ရှိနေသောကြောင့် ခွဲစိတ်ကုသမှု ခံလိုက်ရကြောင်း သိရသည်။ တရုတ်နိုင်ငံတောင်ပိုင်း ရှန်ဇန်ဒေသရှိ ဆေးရုံးတွင် ယင်းဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး၊ ဆရာဝန်များက အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့သည်။ ဗိုက်အောင့်သောကြောင့် ဆေးရုံသို့ ရောက်လာသဖြင့် ဓာတ်မှန်ရိုက် စမ်းသပ်ရာ အစာအိမ်ထဲတွင် ဆံပင်လုံးကြီး ရောက်နေသောကြောင့် အရေးပေါ် ကုသမှုပေးခဲ့ရခြင်း ဖြစ်သည်။ ဓာတ်မှန်ရိုက်ရာတွင် အလုံးကြီးသည် ကျောက်ခဲတုံးပုံစံ ဖြစ်နေပြီး အရွယ်အစားမှာလည်း ဂရိတ်ဖရုသီးခန့် ရှိနေသည်။
အဆိုပါ ကလေးငယ်သည် Pica ဟု ခေါ်သည့် ရောဂါခံစားနေရခြင်း ဖြစ်သည်။ ယင်းရောဂါသည် အစာမဟုတ်သည့် အရာများကို စွဲလမ်းနှစ်သက်စွာ စားသုံးခြင်း ဖြစ်သည်။ ဥပမာ- ဆံပင်၊ လက်သည်းများကို စားသုံးနေခြင်း ဖြစ်သည်။ ဆံပင်များကို စားသုံးနေသောကြောင့် ကာလရှည်သည့်အခါ အလုံးအထွေး ဖြစ်ခဲ့ပြီး ဗိုက်အောင့် ဝေဒနာ ပြင်းထန်စွာ ခံစားတတ်ပြီး အချိန်မီ မကုသနိုင်ပါက သေဆုံးသွားနိုင်ကြောင်း သိရသည်။ The Messenger
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment