
ထို့ပြင် စက်ဘီးစီးခြင်း၊ စာသင်ကြားခြင်း စသည့် ဓာတ်ပုံများကို တင်ရှိခဲ့သည်။ လျူသည် ၀ီဘို လူမူကွန်ရက်တွင် ပရိသတ်ပေါင်း (၂၃၀၀၀၀) ကျော် ပိုင်ဆိုင်ထားသည်။ ယခုအခါ လျူ၏ အကြောင်းအရာများသည် လူပြောအများဆုံး ဖြစ်နေသည်။ လျူသည် နန်ကျင်းတက္ကသိုလ်တွင် ၀ိဇ္ဇာဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူဖြစ်သည်။လျူသည် ပညာရပ်တွင် သာမက အနုပညာ လှုပ်ရှားမူများတွင်ပါ အောင်မြင်နေသူ ဖြစ်သည်။ လက်ရှိအချိန်တွင် မော်ဒယ် အလုပ်ကိုသာမက ရုပ်သံဇာတ်လမ်းများတွင်ပါ သရုပ်ဆောင်ထားကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် လူမှုကွန်ယက်ကြောင့် ထင်ရှားလာသူ အများအပြား ရှိသည်။ သို့သော် ဒါလီယန်ပိုလီ တက္ကသိုလ် ကျောင်းသားများက လျူသည် ကျောင်းတွင် ဆရာမအဖြစ် သင်ကြားမူ ပြုလုပ်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်ကို ကျောင်းက မည့်သည့်မှတ်ချက်မှ ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။ မည်သို့ပင်ဖြစ်စေ လျူသည် တရုတ်နိုင်ငံတွင် ထင်ရှားသူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
messenger news journal
0 comments:
Post a Comment