မယားအသစ်ကလေးကို မယားကြီးအိမ် ခေါ်ယူပေါင်းသင်းသူ မျိုးစောင့်ဥပဒေဖြင့် အရေးယူခံရ


 မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် လက်ရှိမယားနှင့် ပေါင်းသင်းနေထိုင်
နေစဉ် နောက်မိန်းမကို ခိုးယူ ပေါင်းသင်းသူအား တစ်လင်တစ်မယား စနစ်
ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေဖြင့် အရေးယူထားကြောင်း မင်းဘူးမြို့ နယ်
စကုနယ်မြေရဲစခန်းမှ သိရှိရသည်။

မင်းဘူးမြို့နယ် ဆင်ခေါင်းကျေးရွာနေသူ ဇော်ဇော်(ခ)ဇော်ကြီးသည်
မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံ မြို့နယ်နေသူ မခင်မေဝင်းဆိုသူအား
အောက်တိုဘာ ၁၇ ရက်နေ့တွင် ပထမမိန်းမဖြင့် ပေါင်းသင်းနေထိုင်သည့်
ဆင်ခေါင်းကျေးရွာရှိအိမ်သို့ ခိုးယူကာ ပေါင်းသင်း နေထိုင်ခဲ့ခြင်းကြောင့် ပထမမိန်းမ
ဖြစ်သူ မမြမြက ခင်ပွန်းဖြစ်သူဇော်ဇော်(ခ)ဇော်ကြီးအား စကုနယ်မြေရဲစခန်းသို့
တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မနဲ့ ဇော်ဇော်က ၂၀၁၁ ခုနှစ်ကတည်းက တရားဝင် လင်မယားအဖြစ်
ပေါင်းသင်း နေထိုင်လာခဲ့တာပါ။ အခုလို တရားမဝင် နောက်အိမ်ထောင်
ပြုသွားတာကို တစ်လင် တစ်မယားစနစ် ဥပဒေနဲ့ အရေးယူလို့ရတယ် ဆိုတာကြောင့်
အခုလို တိုင်တန်းရတာပါ” ဟု မမြမြက ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ အိမ်ထောင်ရှိပါရက်နှင့် အမျိုးသမီးတစ်ဦးနှင့်
ထပ်မံပေါင်းသင်းခဲ့သော ဇော်ဇော်(ခ) ဇော်ကြီး ၃၀နှစ်အား မင်းဘူးမြို့နယ်
စကုနယ်မြေ ရဲစခန်းက (ပ)၁၂၉/၂၀၁၅၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း
ဆိုင်ရာ ဥပဒေပုဒ်မ (၁၃) အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း
စကုနယ်မြေရဲစခန်းမှ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment