ဆောက်သမ်တန်ကို ရှုံးသော်လည်း မော်ရင်ဟိုသာ အကောင်းဆုံးနည်းပြဖြစ်ဟု တယ်ရီပြော



ချယ်လ်ဆီးကပ္ပတိန် နောက်ခံလူ ဂျွန်တယ်ရီက ၎င်းတို့နည်းပြ မော်ရင်ဟိုသည် အ ကောင်းဆုံးနည်းပြဖြစ်ပြီး အသင်းကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ဆောက်သမ်တန်နှင့်ပွဲ ရှုံးခဲ့ပြီးနောက် ခုခံပြောကြားသည်။ 

မော်ရင်ဟိုမှာ စနေညပိုင်း ဆောက်သမ်တန်ကို ၃-၁ ဂိုးဖြင့် ရှုံး၍ လိဂ်အဆင့် ၁၆ နေရာရောက် ခဲ့သော်လည်း နည်းပြရာထူးမှ နုတ်ထွက်မည်မဟုတ်ဟုဆိုသည်။

‘‘ကျွန်တော်တို့ကို ဒီတွင်းထဲ က ဆွဲထုတ်နိုင်မယ်ဆိုတာ မော်ရင်ဟိုပဲဖြစ်ပါတယ်။ ကျွန်တော် တို့မှာ အတော်ဆုံးမန်နေဂျာ ရှိတယ်။ သူ ကျွန်တော်တို့ အနောက်မှာရှိတယ်။ အတူရှိနေဆဲဖြစ်ပါတယ်’’ဟု တယ်ရီက မော်ရင်ဟိုကို ကာကွယ်ပြောသည်။

ထိုပွဲတွင် ချယ်လ်ဆီးသည် ယုံကြည်မှုပိုင်း အားနည်းခဲ့ပြီး နောက်တစ်ပတ်လိဂ် ပြန်အစ တွင် ဗီလာကို အိမ်ကွင်း၌ အနိုင်ကစားရမည်ဖြစ်ကြောင်းလည်း ဆိုသည်။ ချယ်လ်ဆီးသည် လက်ရှိချန်ပီယံဖြစ်သော်လည်း ပရီးမီးယားလိဂ်တွင် ရှစ်ပွဲကစားပြီး နောက် နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ လေးပွဲရှုံးဖြင့် အဆင့် ၁၆၌ ရပ်တည် နေသည်။ 
7day daily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment