
လည်ပင်းကို သုံးပေလောက်ရှိသည့် သံချောင်းနှစ်ချောင်း ထိုးဖောက် ၀င်ရောက်ခဲ့သော်လည်း ကံကောင်းစွာ အသက်ရှင် ကျန်ရစ်ခဲ့သူက အိန္ဒိယနိုင်ငံသား ဟာမာဆင်းရာပက် ဖြစ်သည်။ အသက်(၂၆)နှစ် အရွယ်ရှိ ရာပက်သည် စက်ဘီးစီးနင်းလာစဉ် အိမ်ဆောက်ပစ္စည်းများ သယ်ဆောင်လာသော ကုန်တင်ယာဉ်နှင့် မတော်တဆမှုဖြစ်ပြီး၊ ယခုကဲ့သို့ ဖြစ်ရပ်ဆိုးနှင့် ကြုံခဲ့ရခြင်း ဖြစ်သည်။ အလွန်အံ့အားသင့်စရာ ဖြစ်ခဲ့သလို တုန်လှုပ်စရာလည်း ဖြစ်ခဲ့သည်။ ရာပက်သည် စက်ဘီးဖြင့် ကုန်တင်ကားကို ၀င်ဆောင့်ခဲ့ခြင်း ဖြစ်သည်။ ရာပက်က သံချောင်းနှစ်ချောင်းသည် မိမိ၏ လည်ပင်းကို ထိုးဖောက် ၀င်ရောက်သွားခဲ့ကြောင်း၊ မိမိအနေဖြင့် ကုန်တင်ကားကို ၀င်ရောက် ဆောင့်မိခြင်းကြောင့် ဆိုးရွားသည့် ဒဏ်ရာရရှိသွားခဲ့ပြီဟု ထင်မိခဲ့ကြောင်း၊ မိမိ၏ အသက်ဆုံးရှုံးသွားခဲ့ပြီဟု စိတ်ထဲတွင် ဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိအနေဖြင့် မည်သည့်အတွက်ကြောင့် စက်ဘီးကို ထိန်းချုပ်နိုင်ခြင်း မရှိခြင်းကို နားမလည်မိကြောင်း၊ မိမိ၏ လူပ်ရှားမှုများသည် သေခြင်းကို ဖိတ်ခေါ်သလို ဖြစ်ခဲ့ကြောင်း ဟြေကြားခဲ့သည်။ မျက်မြင်သက်သေများက ရာပက်သည် အခင်းဖြစ်ပြီးနောက် သွေးအိုင်ထဲတွင် လဲနေကြောင်း၊ ထို့ကြောင့် နီးစပ်ရာဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း ဆိုခဲ့သည်။ ရာပက်ကို ခွဲစိတ်ပေးခဲ့သည့် ဆရာဝန် ချာဟာပါဝါလ်က မိမိတို့ဆေးရုံကို ရောက်ရှိလာရာတွင် သံချောင်းက လည်ပင်းကို ထုတ်ချင်း ဖောက်နေသောကြောင့် အသက်ရှင်လိမ့်မည်ဟု မထင်ခဲ့ကြောင်း၊ သံချောင်းသည် လည်ပင်းကို ဖောက်ပြီး ကျောပြင်ကို ထိုးထွက်နေခြင်း ဖြစ်သည်။ ရာပက်သည် မခွဲစိတ်မီ စကားလည်း ပြောနိုင်ပြီး လှုပ်ရှားမှုများကို ပြုလုပ်နိုင်ခဲ့ခြင်းအတွက် အံ့အားသင့်ခဲ့ရကြောင်း ဟြေကြားခဲ့သည်။ ရာပက်ကို ခွဲစိတ်ရာတွင် အချိန်သုံးနာရီ ယူခဲ့ရသည်။ ရာပက်သည် ဒဏ်ရာရစဉ်တွင် အဓိက သွေးလွှတ်ကြောများ ထိခိုက်ခြင်း မရှိသောကြောင့် အသက်ရှင်ခဲ့ခြင်း ဖြစ်သည်။ ရာပက်သည် ဆောက်လုပ်ရေး လုပ်သားတစ်ဦး ဖြစ်ပြီး၊ ယခုအခါ နေအိမ်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။ ရာပက်က မိမိကို ဆရာဝန်က အခင်းဖြစ်စဉ်က ဓာတ်ပုံများကို ပြသခဲ့ကြောင်း၊ မိမိအနေဖြင့် ကံကောင်းလွန်းလို့ အသက်ရှင်ခွင့် ရခဲ့သာဖြစ်ကြောင်း ဟြေကြားခဲ့သည်။
The Messenger
0 comments:
Post a Comment