
ဂျပန်နိုင်ငံသား တစ်ဦးဖြစ်သော ခေါက်ဆွဲတွေအကြောင်း သီးသန့် လေ့လာခဲ့သည်မှာ နှစ်ပေါင်း (၂၀)ကျော်သွားခဲ့ပြီ ဖြစ်သည်။ ခေါက်ဆွဲ အမျိုးအစားပေါင်း (၅၆၀၀) ကျော်ကို မြည်းစမ်းခဲ့တာကြောင့် မယုံနိုင်စရာ ဖြစ်ခဲ့သည်။ နိုင်ငံပေါင်း ( ၄၀) ကျော်က မတူညီသည့် ခေါက်ဆွဲမျိုးစုံကို လေ့လာမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ခေါက်ဆွဲနှင့် ပတ်သက်သည့် ဗဟုသုတများကို မျှဝေခဲ့သည်။ ခေါက်ဆွဲအကြောင်း စာအုပ်များ ထုတ်ဝေခဲ့ပြီးဖြစ်ပြီး ခေါက်ဆွဲနှင့် ပတ်သက်သည့် အကြောင်းများကို ဘလော့ပေါ် တင်ပေခြင်း၊ အင်တာနက်များတွင် ပြသခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ယခုအခါ အလုပ်မှ ထွက်ပြီး ခေါက်ဆွဲနှင့် ပတ်သက်သည့် အရာများကို ပိုမိုလေ့လာခဲ့သည်။ ယာမာမိုတိုသည် လျှပ်စစ်ဒီဇိုင်း အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။
ငယ်စဉ်ကတည်းက ခေါက်ဆွဲကို နှစ်သက်သူဖြစ်သည်။ ခေါက်ဆွဲကို နှစ်သက်စွာစားရင်း သူ၏အတွေ့အကြုံများကို မျှဝေနေခြင်း ဖြစ်သည်။ အလုပ်ကိစ္စဖြင့် နိုင်ငံရပ်ခြားသို့ ရောက်ရှိသည့်အခါ ခေါက်ဆွဲများကို သယ်ဆောင်လာလေ့ ရှိသည်။ ခေါက်ဆွဲ၏ ဈေးနှုန်း၊ အရသာ ပါဝင်သည့် ဓာတ်များစသည်တို့ကို အသေးစိတ် တင်ပြလေ့ရှိသည်။You Tube တွင် ခေါက်ဆွဲနှင့် ပတ်သက်သည့် အစီအစဉ်များကို ထုတ်လွှင့်ပေးနေသည်။ စုစုပေါင်း ခေါက်ဆွဲ အမျိုးအစား ( ၅၆၅၇)ကို လေ့လာခဲ့ပြီး ဖြစ်သော်လည်း ဆက်လက် လေ့လာသွားဦးမည် ဖြစ်ကြောင်း သိရသည်။
The Messenger
0 comments:
Post a Comment