အမေရိကန် ပြည်ထောင်စု၊ မက်ဆက်ချူးဆက် ပြည်နယ်တွင် နေထိုင်သည့် အဘိုအိုးတစ်ဦးသည် မြေများအတွက် ရည်ရွယ်ပြီး အိမ်တစ်လုံး ဆောက်ပေးခဲ့သည်။ ယင်းအိမ်သည် သာမန်အိမ်များလို မဟုတ်ဘဲ သစ်ပင်အိမ်ပုံစံ ဖြစ်နေသောကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ လိုင်စင် ကန်ထရိုက်တာ လုပ်ငန်းကို လုပ်ကိုင်နေသည့် အသက် (၅၉) နှစ်အရွယ်ရှိ ဂျေဟိုဝစ်သည် ပေ ( ၄၀) မြင့်သော သစ်ပင်အိမ်ကို ဆောက်လုပ်ခဲ့ရာတွင် (၂) နှစ်နီးပါး အချိန်ယူခဲ့ရသည်။ သားဖြစ်သူ၏ အကြံပေးမှုကြောင့် သစ်ပင်အိမ်ဆောက်ရန် စိတ်ကူး ရရှိခဲ့ခြင်း ဖြစ်သည်။
ဟိုဝစ်တွင် မြေးနှစ်ဦး ရှိသည်။ မြေးနှစ်ဦး ဆော့ကစား အနားယူအပန်းဖြေရန် သစ်ပင်အိမ်ကို အကောင်းဆုံး ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သစ်ပင်အိမ်သည် မြင့်မားသောကြောင့် ပြေပြစ်သည့် လှေကားထစ်များ ထည့်သွင်းထားသည်။ လျှပ်စစ်မီးကိုလည်း သွယ်တန်းပေးထားသည်။ အိပ်ခန်း၊ စားပွဲ၊ ထိုင်ခုံစသည်များကိုလည်း ထည့်သွင်းထားသည်။ အပန်းဖြေ ဆော့ကစားရန် ဖြစ်သော်လည်း မိသားစုတစ်စု ကောင်းစွာ အနားယူနိုင်သည်။ ဟိုဝစ်က မိမိသည် သစ်ပင်အိမ် စဆောက်စဉ်တွင် အကောင်းဆုံး ပြုလုပ်သွားမည်ဟု ဟြေကြားခဲ့ကြောင်း၊ မိမိ၏ ငယ်စဉ်ဘ၀တွင်လည်း သစ်ပင်အိမ် ရှိခဲ့သော်လည်း (၈) ပေလောက်သာ မြင့်ကြောင်း၊ မိမိ၏ သစ်ပင်အိမ် အကောင်းဆုံး ပုံစံဖြစ်လာမည်ဟု တွေးထင်ထားခြင်း မရှိကြောင်း ဟြေကြားခဲ့သည်။ ယင်းသစ်ပင်အိမ်ကို ပင်မအိမ်နှင့် သွားလာရ လွယ်ကူရန် ကြိုးတံတား ပုံစံပြုလုပ်သွားမည် ဖြစ်သည်။ သစ်ပင်အိမ်ကို ဆောက်လုပ်ရာတွင် ဒေါ်လာ (၈၀၀၀၀) ခန့် ကုန်ကျခဲ့သည်။
The Messenger
0 comments:
Post a Comment