မီးခိုးမထွက်သည့် ပထမဆုံး ရွက်လှေ

 လောင်စာဆီ အသုံးမပြုဘဲ သွားလာနိုင်သည့် ပထမဆုံးရွက်လှေကို မိတ်ဆက် နိုင်တော့မည် ဖြစ်သည်။ ယင်းရွက်လှေကို ဆိုလာစနစ်ဖြင့် အသုံးပြု မောင်းနှင်သွားမည် ဖြစ်သည်။ ထူးခြားသည်က ဆိုလာပြားများကို ရွက်လှေဘုတ်ပေါ်တွင် တပ်ဆင်ထားခြင်း ဖြစ်သည်။ ယင်းသို့ ပြုလုပ်ထားခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။ တူရကီအခြေစိုက် Ned Ship and Solar Wave ကုမ္ပဏီက ပြီးခဲ့သည့် ခုနစ်နှစ်ကတည်းက အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။  ဆိုလာစနစ်သုံး ရွက်လှေသည် သာမန် ရွက်လှေများနှင့်တော့ ကွာခြားမှုရှိမည် ဖြစ်သည်။ သာမန်ရွက်လှေများသည် လောင်စာဆီ အသုံးပြု မောင်းနှင်ခြင်းကြောင့် လျင်မြန်မှုတွင် ပိုမိုနေမည် ဖြစ်သည်။ ဆိုလာစနစ်သုံး ရွက်လှေသည် တစ်နာရီကို ရေကြောင်းမိုင်  (၇) မိုင်မှ (၁၃) မိုင်လောက် အထိသာ သွားလာနိုင်မည် ဖြစ်သည်။
      သို့သော် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုသူများအတွက် အထူးသင့်လျော်မှု ရှိသည်။ ယင်းရွက်လှေသည် ဆိုလာပြားများ တပ်ဆပ်ထားခြင်းကြောင့် ကျဉ်းမြောင်းနိုင်သည်ပာု ထင်နိုင်သော်လည်း အခန်းငယ် ငါးခန်းအထိ ထည့်သွင်းပေးထားသည်။ ရွက်လှေပေါ်တွင် သက်သောင့်သက်သာ လိုက်ပါနိုင်ရန် အကောင်းဆုံး ပြင်ဆင်ပေးထားသည်။ ယင်းရွက်လှေကို Solarwave 62 ဟု အမည်ပေးထားသည်။ ရွက်လှေ၏ အရှည်မှာ (၆၂) ပေအထိ ရှိသည်။ ရွက်လှေတစ်စီး၏ တန်ဖိုးမှာ ပေါင် ( ၁ဒသမ ၄၇) သန်းမှ ပေါင် ( ၁ဒသမ ၈) သန်းအထိ ရှိသည်။ ယင်းရွက်လှေသည် ကိုင်တွယ်မောင်းနှင်ရာတွင် အခြားရွက်လှေများနှင့် မတူကြောင်း၊  အမြန်နှုန်းမှာလည်း အခြားရွက်လှေများက ပိုမြန်နေမည် ဖြစ်ကြောင်း၊ သို့သော် သဘာဝ ပတ်ဝန်းကျင်ကို ဦးစားပေးထားခြင်းကြောင့် ကွဲပြားမှုများ ဖြစ်နေရကြောင်း၊ မောင်းနှင်ရာတွင် မည်သည့် ဆူညံသံကိုမျှ ကြားရမည် မဟုတ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ထမင်းစားခန်း၊ ဧည့်သည်များ နားနေခန်း၊ နေရောင်လှုံသည့် နေရာစသည်များ ပါဝင်သောကြောင့် စိတ်တိုင်းကျဖြစ်မည့်  ရွက်လှေတစ်စီး ဖြစ်ကြောင်း သိရသည်။
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment