မော်ဒယ်ဟောင်းတစ်ဦး အပြာဝတ္ထုရေးပြီး ကလေးများအတွက် ရန်ပုံငွေရှာ



ပရဟိတ လုပ်ငန်းတစ်ခု အတွက် ကိုယ်ဗလာချွတ်ပြပြီး ရန်ပုံငွေရှာခဲ့သည့် အသက်(၂၇)နှစ်အရွယ် မော်ဒယ်ဟောင်း ထရေစီကစ်သည် ယခုအခါ လိင်ပိုင်းချစ်ကြိုက်ခန်း အသားပေး ၀တ္ထုများကိုလည်း ကလေးများ၊ လူနာများအတွက် ရန်ပုံငွေရှာရန် ရေးသားထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။
      ကလေးအမေ တစ်ဦးဖြစ်ပြီး ကျန်းမာရေးအကြောင်း ရေးသားသည့် ဘလော့ဂါ တစ်ဦးဖြစ်သူ ထရေစီသည် ဘက်ကင်ဟမ် ရှိုင်းယားမှဖြစ်ပြီး၊ ထိုအပြာဝတ္ထုများ ရေးသားခြင်းဖြင့် လှူဒါန်းမှုများ ပိုလုပ်နိုင်မည်ဟု  မျှော်လင့်ကြောင်း ဆိုသည်။ “ကျွန်မ ၀တ္ထုက ခေတ်သစ် ဘရစ်ဂျစ်ဂျုန်းနဲ့ Fifty Shades of Grey တို့ကြားက ပုံစံမျိုးနဲ့ ရေးမှာပါ။ စာလုံးရေ ငါးသောင်းကျော်လောက်နဲ့ လွတ်လပ်စွာ ရေးသားရတော့မှာကို ကျွန်မအံ့သြမိပါတယ်။ ၀တ္ထုကို အကြားနဲ့သာမက ကိုယ့်ဘ၀ အတွေ့အကြုံ တွေကိုလည်း အခြေခံရေးသွားမှာပါ။ ကျွန်မငယ်ငယ်တုန်းက ကျောင်းမှာ ကလေးချင်း အနိုင်ကျင့်ခံရတဲ့သူ တစ်ဦးအဖြစ်ကနေ အကြောက်အရွံ့မရှိ လိင်လိုက်စားတဲ့ အမျိုးသမီးတစ်ဦး ဖြစ်လာတဲ့ ဘ၀အထိကို ရေးမှာဖြစ်ပါတယ်”ဟု ထရေစီက ပြောသည်။
      မော်ဒယ်ဟောင်းက အဆိုပါဝတ္ထုကို အီးဘွတ်ကော်ပီအဖြစ် ၀ယ်ယူပြီး သုံးသပ်ချက် ပြန်ပေးလျှင် ပေါင်(၁ ဒသမ ၉၉)ကို ပြန်ပေးမည် ဖြစ်ကြောင်းလည်း စာဖတ်သူများကို ကြေညာထားသည်။ ၎င်းက ထိုစာအုပ်ရောင်းချခြင်းမှ ပေါင်ခြောက်ထောင်မှ တစ်သောင်းရမည် ဖြစ်ပြီး ကလေးများ၊ မီးသတ်သမားများ၊ ကင်ဆာ ဝေဒနာရှင်များနှင့် မသန်စွမ်းများအတွက် ရန်ပုံငွေများကို ခွဲဝေလှူဒါန်းသွားမည် ဖြစ်ကြောင်း ဆိုသည်။ အဆိုပါဝတ္ထုကို Traces of Me ဟု အမည်ပေးထားပြီး၊ မကြာမီ ဖြန့်ချိမည် ဖြစ်သည်။  ပထမစာအုပ်မှာမူ ပြီးခဲ့သည့်လက ဖြန့်ချိခဲ့ပြီး၊ ယခုအခါ ဒုတိယစာအုပ်ကို မနက်တိုင်း နံနက်သုံးနာရီတွင် ထရေးနေကြောင်းလည်း ဆိုသည်။
Source:Mirror
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment