တရားမဝင်သစ်ထုတ်လုပ်ရာတွင် အသုံးပြုမည့် ယာဉ်အစီး ၂၀၀ ကျော် သိမ်းဆည်းရမိ



 တရားမဝင်သစ်ထုတ်လုပ်ရာတွင် အသုံးပြုမည့် ယာဉ်များသိမ်းဆည်းရမိ
 နေပြည်တော်၊ အောက်တိုဘာ - ၂၅

တပ်မတော်မှ ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမဝင်သစ်ထုတ်လုပ်မှုများ လျော့ပါးပပျောက်စေရေးအတွက် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ချိန်ခန့်တွင် မံစီမြို့နယ်၊ မံသာကျေးရွာနှင့် ပတ်ဝန်းကျင်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်စဉ်
အဆိုပါကျေးရွာအတွင်းမှ တရားမဝင်သစ်တင်ဆောင်ရာတွင် အသုံးပြုမည့် တုန်ဟုန်း( ၆) ဘီးယာဉ် ၄၉ စီး၊ ဖောက်ရှဲ ( ၆) ဘီးယာဉ် ၂ စီး၊ ယန်းဖောင် (၆) ဘီးယာဉ် ၁၁ စီး၊ သရီးကရောင်း (၆) ဘီးယာဉ် ၁ စီး၊ အက်စ်ဇူး(၆) ဘီးယာဉ် ၂၉ စီး၊ ဒေါင်ဖန်း (၁ဝ) ဘီးယာဉ် ၆ စီးနှင့် အမျိုးအစားစိစစ်ဆဲ (၁ဝ) ဘီးယာဉ် ၂ စီး စုစုပေါင်း ၁ဝဝ စီးတို့အားသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ပြီး တပ်မတော်စစ်ကြောင်းများက မွန်းလွဲ ၂ နာရီချိန်ခန့်တွင် ဟန်ထက်ကျေးရွာ နှင့် ပတ်ဝန်းကျင်အား နယ်မြေရှင်းလင်းဆောင်ရွက်စဉ် အဆိုပါကျေးရွာအတွင်းမှ တရားမဝင်သစ်တင်ဆောင်ရာတွင် အသုံးပြုမည့် သရီးကရောင်း(၆)ဘီးယာဉ် ၅၉ စီး၊ တုန်ဟုန်း(၆) ဘီးယာဉ် ၁၄ စီး၊ ယန်းဖောင်(၆)ဘီးယာဉ် ၁၇ စီး၊ ဖောက်ရှဲ(၆)ဘီးယာဉ် ၄ စီးနှင့် အမျိုးအစား စိစစ်ဆဲ (၁ဝ)ဘီးယာဉ် ၈ စီး၊ စုစုပေါင်း ၁ဝ၂ စီးတို့အား ထပ်မံသိမ်းဆည်းရမိသည်။

အဆိုပါသိမ်းဆည်ရမိသော တရားမဝင်သစ်များတင်ဆောင်ရာတွင် အသုံးပြုမည့် သစ်တင်ယာဉ် စုစုပေါင်း၂ဝ၂ စီးအား တရားဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia




Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment