ရွှေလီမြစ်ဝှမ်းဒေသ၌ ရေကြီး ပျက်စီးရှုံးဆုံးမှုများပြား

ဓါတ်ပုံ- ရွှေလီဘက်ခြမ်းကတွေ့ရသော ရေကြီးမှု
  ဂျူလိုင်လ ၂၄ ရက် ၂၀၁၅

  မြန်မာနိုင်ငံ (သျှမ်းပြည်နယ်မြောက်ပိုင်း)နှင့် တရုတ်နိုင်ငံနယ် စပ်ဒေသဖြစ်ေ သာ ထုန့်မော(၀်)ခေါ် ရွှေလီမြစ်ဝှမ်းဒေသ၌ ရေကြီးမှု ကြောင့် ပျက်စီးရှုံးဆုံး မှုများကြောင်း သတင်းရရှိသည်။

ရေသည် ရွှေလီမြစ်ရေထဲကတက်လာပြီး ရေကြီးမှုသည် ယနေ့မနက် ၁၀း၀၀ နာရီဝန်းကျင်ခန့် စတင်ပြီး ညနေ ၅း၀၀ နာရီအချိန်အထိ ကျဆင်းသွားခြင်း မရှိသေးကြောင်း၊ရေလွှမ်းခံရသည့်နေရာ များမှာမြန်မာနိုင်ငံဘက်မှ မူစယ် ခရိုင် ပန်ခမ်းတံတားအနီးတ၀ိုက် နှင့် တရုတ်ပြည်ဘက်မှ ဂျယ်ဂေါင်မြို့ နှင့် ရွှေလီမြို့တို့ဖြစ်ကြောင်း ထုန့်မော(၀်)ဒေသခံ လုင်းမြ ကဆိုသည်။

“ရွှေလီမြို့ ကဆိုရင် ကား စီးလုံးရေထဲမြုပ်သွားကြတယ် ၊ဂျယ်ဂေါင်မြို့မှာတော့ ကား ဘီးလုံးတစ်ဝက်လောက် ရေမြုပ်နေတာတွေ့ပါတယ်၊ မြန်မာဘက်ခြမ်း ပန်ခမ်းတံတားအနီး မှာတော့ မွှန်းလွဲ ၂း၀၀ နာရီကရေ စတက် လာပြီး ညနေ ၅း၀၀နာရီအထိတော့ ပြည်ထောင်စုလမ်းမ (မူစယ်-နမ့်ခမ်းလမ်း) ကို အာဏာပိုင်ဘက်က ယာယီ ပိတ်ထားပေးပါတယ်” ဟု ၄င်းက သျှမ်းသံတော်ဆင့်အား ပြောသည်။

ဓါတ်ပုံ- ရွှေလီဘက်ခြမ်းကတွေ့ရသော ရေကြီးမှု
ထုန့်မော(၀်) ဒေသသည် မိုးအဆက်မပြတ်ရွာနေသည်မှာ (၁၀)ရက်ကျော် ရှိပြီဖြစ်ကြောင်း၊ တောင်ကျချောင်းရေများ ရွှေလီမြစ် ထဲအများအပြား စီးဝင်လာမှုကြောင့် ရေကြီးမှုဖြစ်လာခဲ့ကြောင်း တရုတ်ဘက်ခြမ်းနေ သျှမ်းလူမျိုး စိုင်းအိုက်ထွန်း ကဆိုသည်။

ယမန်နှစ် ၂၀၁၄ ဂျူလိုင်လကုန်ပိုင်း ၌လည်း ထုန့်မော(၀်)ဒေသ တွင် ရေကြီး မှုဖြစ်ပေါ် ခဲ့ပြီး မြန်မာနိုင်ငံဘက် ပိုင်း ပန်ခမ်းတံတားအနီးတွင် လူအသေ အပျောက်အနည်းငယ်ရှိပြီး ယခုနှစ် ရေကြီးမှုမှာ တရုတ်ပြည်ဘက်က ပျက်ဆီးဆုံးရှုံးမှုများနေကြာင်း ဒေသခံများထံမှသိရသည်။

သျှမ်းသံတော်ဆင့် /နန်းသီရိခမ်း
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment