
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ် ရန်ကုန်-အင်းစိန်လမ်းပေါ်ရှိ အမှတ် ၅၃ ဘီ ပထမထပ်အခန်းမှာ အောက်တိုဘာ ၁၁ ရက် ည ၇ နာရီလောက်က ၀ါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်တဲ့အခန်းဟာ လူမရှိတဲ့ သင်တန်းခန်းမဖြစ်ပြီး မီးလောင်ကျွမ်းနေစဉ် အဲဒီတိုက် အပေါ်ထပ်အခန်းတွေမှာ နေထိုင်သူအားလုံးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် သေဆုံးဒဏ်ရာရသူ မရှိဘူးလို့ သိရပြီး မီးကို ည ၈ နာရီဝန်းကျင်လောက်မှာ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ – ညိုမာသက်
DVB Burmese
0 comments:
Post a Comment