ယာဉ်ငယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ၊ကိုးဦးဒဏ်ရာရ


ရန်ကုန် ဧပြီ ၂၂

ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်း ကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် သမိုင်းဘူတာရုံလမ်းမပေါ် ဦးအောင် ဇေယျလမ်းထိပ်၌ ယနေ့ နံနက် ၆ နာရီ ခွဲက ယာဉ်ငယ်နှစ်စီး အရှိန်ဖြင့် မျက်နှာချင်းဆိုင်တိုက်မိရာ အမျိုးသား ကိုးဦးဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန် ဆေးရုံ အရေးပေါ်ဌာနသို့ အချိန်မီ ပို့ဆောင်ကာ ကုသမှုခံယူလျက်ရှိ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘုရင့်နောင် နယ်မြေဘက်မှ သမိုင်းလမ်းဆုံဘက် သို့ ယာဉ်မောင်း ကိုစောထွန်း (၄၁နှစ်) လှိုင်သာယာမြို့နေသူ မောင်းနှင်လာသော 2G/----ဟိုက်ဂျက်ယာဉ်နှင့် တစ်ဖက် ယာဉ်ကြောရှိ သမိုင်းလမ်းဆုံဘက်မှ ဘုရင့်နောင်ဘက်သို့ မောင်းနှင် လာသည့် BB/---- အငှားယာဉ် တို့ မျက်နှာချင်းဆိုင် တိုက်မိရာ ဟိုက်ဂျက်ယာဉ်ငယ်ပေါ်ပါ အနောက် ခန်းရှိ အမျိုးသားခုနစ်ဦး လမ်းမပေါ် လွင့်စဉ်ကျသွားကြောင်း သိရသည်။ ယာဉ်ရှေ့ခေါင်းခန်းရှိ ယာဉ်မောင်း အပါအဝင် အမျိုးသားနှစ်ဦးမှာ ခေါင်းပိုင်းတွင်ညှပ်နေ၍ အရေးပေါ် ညှပ်ကလစ်များဖြင့် ဝိုင်းဝန်းဆွဲထုတ် ပေးကာ အင်းစိန်ဆေးရုံသို့ ပို့ဆောင် ပေးခဲ့သည်။

ဝင်တိုက်မိသော အငှားယာဉ် မောင်းမှာ ကားထားပြီးထွက်ပြေး တိန်းရှောင်သွားခဲ့သည်။ ယာဉ်တိုက်မှု ကြောင့် အငှားယာဉ်သည် ဦးခေါင်း ပိုင်း ကြေမွပျက်စီးသွားပြီး ဟိုက်ဂျက်ယာဉ်မှာလည်း တံခါးနှင့် ရှေ့မှန်များ ကြေမွပျက်စီးသွား သည်။

အခင်းဖြစ်ပွားရာသို့ မရမ်းကုန်း မြို့နယ် အမှတ်(၄၇) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ ယာဉ်မှုစစ် ရဲအုပ် မျိုးတင့်နှင့် တပ်ဖွဲ့ဝင်များ ရောက်ရှိ ကာ စစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။

မျိုးမင်းသိန်း(မရမ်းကုန်း)
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment