ဂျိမ်းစ်ဘွန်း ဇာတ်ကားတွင် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ M အဖြစ် သရုပ်ဆောင်သည့် ဒိမ်းဂျူဒီဒန့်ခ်ျသည် ဂျိမ်းစ်ဘွန်း မင်းသမီးများအနက် လူကြိုက်အများဆုံး ဖြစ်ကြောင်း သိရသည်။ မစ္စဒန့်ခ်ျသည် ဂျိမ်းစ်ဘွန်း အဓိကဇာတ်ဆောင် မင်းသမီး မဟုတ်သည့်တိုင် လူကြိုက်အများဆုံး ဂျိမ်းစ်ဘွန်း မင်းသမီးအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။
မစ္စဒန့်ခ်ျသည် အသက် (၈၀) ရှိပြီ ဖြစ်ပြီး M အဖြစ် (၁၇) နှစ်ကြာ သရုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ဂျိမ်းစ်ဘွန်း အမျိုးသမီး သရုပ်ဆောင်များ၏ လူကြိုက်များမှုကို စစ်တမ်းကောက်ကြည့်ရာ စစ်တမ်းဖြေဆိုသူ (၂၆) ရာခိုင်နှုန်းထိက မစ္စဒန့်ခ်ျကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ Casino Royale မင်းသမီး အိဗ်ဂရင်းကို အကြိုက်ဆုံးဟု ရွေးချယ်သူက (၁၄) ရာခိုင်နှုန်းရှိပြီး Die Another Day မင်းသမီး ဟယ်လီဘာရီကို ရွေးချယ်သူက (၁၀) ရာခိုင်နှုန်း ရှိသည်။ ဗြိတိန်ရှိ ရုပ်ရှင်ရုံလုပ်ငန်းက စစ်တမ်း ကောက်ယူခြင်း ဖြစ်သည်။
Source: Metro.co.uk
The Messenger
0 comments:
Post a Comment