အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်း အမှတ် ဝတ္ထုတိုနဲ့ကဗျာပြိုင်ပွဲကို PEN Myanmar ၏ ငြိမ်းချမ်းရေး အတွက် စာရေးဆရာ များ ကော်မတီက ကြီးမှူး ကျင်းပခဲ့ရာ အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိ သူများကို အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စက်တင်ဘာ ၂၁ ရက်နေ့ ၊နေ့ခင်း ၁နာရီ တွင် ရွှေဂုံတိုင် ရှိ တော်ဝင် နှင်းဆီ စားသောက်ဆိုင် တွင် ပြုလုပ် သွားမှာဖြစ်ကြောင်း သိရပါ တယ်။
အဲဒီ ပြိုင်ပွဲသို့ အနယ် နယ်အရပ်ရပ် မှ ပြိုင်ပွဲဝင် စာပေ များပေးပို့ခဲ့ရာ ပြိုင်ပွဲဝင် ကဗျာအပုဒ် ၁ဝဝနဲ့ဝတ္ထုတို ၃၂ပုဒ်ကို လက်ခံ ရရှိခဲ့ပါတယ်။ ပြိုင်ပွဲ အတွက် လက်ခံ ရရှိခဲ့တဲ့ ကဗျာနဲ့ဝတ္ထုတို များကို ဆုရွေးချယ်ရေး အဖွဲ့က ရွေးချယ်ခဲ့ရာ ဆန်ကာတင် အဖြစ် ကဗျာ ၅ပုဒ် နဲ့ဝတ္ထုတို ၅ ပုဒ်ကို ရွေးချယ် ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဆန်ခါတင် စာရင်း များထဲမှ ကဗျာ နဲ့ဝတ္ထုတို အတွက် ပထမ၊ ဒုတိယ၊ တတိယ နဲ့နှစ်သိမ့်ဆု (၂)ဆု တို့ကို စက်တင်ဘာလ၂၁ ရက်နေ့မှာ ဆုပေးပွဲ အ ခမ်း အနား နဲ့အတူ ဆုများ ပေးအပ်သွား မည်ဖြစ်ပြီး ဆန်ခါ တင်စာရင်းတွင် ပါဝင်ခဲ့သည့် စာမူများကို PEN Myanmar က အင်္ဂလိပ် မြန်မာ နှစ်ဘာသာ နဲ့စာအုပ် ထုတ်ဝေပေး သွား မှာဖြစ်ပါ တယ်။
အဆို ပါစာအုပ်များ ကို ဆုပေးပွဲ အခမ်းအနား တွင်ဖြန့်ချိသွားမှာ ဖြစ်ကြောင်း သိရပါတယ် ။ပြိုင်ပွဲ ကျင်းပဖြစ်ရခြင်း ရည်ရွယ်ချက် နဲ့ ပတ်သက်ပြီး PEN Myanmar ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဆရာမ မသီတာ(စမ်းချောင်း)က “PEN Myanmar မှာက PEN International မှာရှိတဲ့ အတိုင်းပဲ ကော်မ တီခွဲတွေ ရှိတဲ့ အထဲမှာ ငြိမ်းချမ်းရေး အတွက် စာရေးဆရာများ ၊ကော်မတီ Writers For Peace Committee လေး ရှိပါတယ်။ အဲဒီ ကော်မတီ ရဲ့ လှုပ်ရှားမှုမှာ ငြိမ်း ချမ်းရေး အတွက် တစ်ခုခု လုပ်မယ် ဆိုပြီး ဒီနှစ် အတွက် ဒါကို စဉ်းစားထားတာ။ ဒါကြောင့် အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ဒီဝတ္ထုတို နဲ့ကဗျာပြိုင်ပွဲလေး လုပ်ဖြစ်ခဲ့တာပါ”လို့ ပြော ပြခဲ့ပါတယ်။
သိမ့်သိမ့်
Source:Popular
0 comments:
Post a Comment