ငယ်ငယ်တုန်းက ပိုးစုန်းကြူးဖမ်းဖူးရင် တရုတ်နိုင်ငံမှာရှိတဲ့ ဒီဥယျာဉ်ကို သဘောကျကြမှာပါ။ အဲဒီဥယျာဉ်မှာ ညရောက်ရင် သဘာဝအလျှောက် လင်းလက်တဲ့ ပိုးစုန်းကြူးပေါင်းများစွာကို သီးသန့်ထားပါတယ်။
တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှာ ရှိတဲ့ the East Lake Peony ဥယျာဉ်ထဲက ပိုးစုန်းကြူးကမ္ဘာမှာ ပိုးစုန်းကြူးပေါင်း တစ်သောင်းခန့်ရှိပါတယ်။ ပိုးကောင်လေးတွေကို ဇုန်ငါးခုခွဲထားပြီး ပျံသန်းဇုန်၊ လေ့လာဇုန်၊ အနီးကပ်ဇုန်၊ သားပေါက်ဇုန်နဲ့ သိပ္ပံနည်းကျဖြန့်ကျက်ဇုန်တို့ဖြစ်ပါတယ်။ ဇုန်တစ်ခုစီဟာ သာမာန်ဧည့်သည်ကနေ လေ့လာသုတေသနပြုသူတွေအထိ ဧည့်သည်အစားစားကို လက်ခံနိုင်ဖို့ ဖြစ်ပါတယ်။
ပိုးစုန်းကြူးတွေကို မွေးမြူရတာ ကုန်ကျစရိတ် မသေးလှပါဘူး။ တစ်ကောင်ကို ၁၀ ယွမ် (ဒေါ်လာ ၁.၆၁) ကုန်ကျပါတယ်။ ဒါပေမယ့် တရုတ်လူမျိုးတွေက ပိုးစုန်းကြူးတွေကို ချစ်ကြတဲ့အတွက် စီးပွားရေးအရ တွက်ခြေကိုက်ပါတယ်။ ညဘက်မှာ ပိုးကောင်ငယ်လေးတွေ တောက်ပနေတာကို မြင်ရဖို့ ဧည့်သည်တွေက ငွေကုန်ကြေးကျခံ လာရောက်ကြပြီး ဥယျာဉ်ဖွင့်ဖွင့်ချင်း လက်မှတ်တွေ ရောင်းကုန်သွားပါတယ်။
ပိုးစုန်းကြူးတွေဟာ ရာသီအလိုက်ထွက်တဲ့အတွက် ဒီဥယျာဉ်ကို ဒီနှစ် မေ ၃၀ မှာဖွင့်ခဲ့ပြီး အောက်တိုဘာလဆန်ုးပိုင်းအထိပဲ ဖွင့်လှစ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်အောင်မြင်မှုကြောင့် နောက်နှစ်မှာလည်း ဥယျာဉ်ဖွင့်လှစ်ဖြစ်ပါလိမ့်မယ်။
Creditt: စုပြည့်စုံ
0 comments:
Post a Comment