ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမား ၃၀၀၀ ဆီးရီးယားမှ ထွက်ပြေး


 ဆီးရီးယားအစိုးရတပ်များ၏ ထိုးစစ်အသစ်ဆင်နွှဲမှုနှင့် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုတို့အပေါ် ကြောက်ရွံ့ ထိတ်လန့်ပြီး ခန့်မှန်းခြေ ၃၀၀၀ ခန့်ရှိသော အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်) တိုက်ခိုက်ရေးသမားများနှင့် အခြား အစွန်းရောက်အုပ်စုများမှ စစ်သွေးကြွများသည် ဆီးရီးယားနိုင်ငံမှ ဂျော်ဒန်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြကြောင်း စစ်တပ်အရာရှိတဦးက အာရ်အိုင်အေသတင်းဌာနသို့ ပြောကြားသည်။

''အိုင်အက်စ်တွေ၊ အယ်လ်နူဆာနဲ့ ဂျာအစ်၌ အယ်လ်ယာမုတ်အဖွဲ့က စစ်သွေးကြွ ၃၀၀၀ လောက်ဟာ ဂျော်ဒန်ဘက်ကို ထွက်ပြေးသွားကြတယ်။ ဆီးရီးယားစစ်တပ်က စစ်မျက်နှာပေါင်းစုံကနေ ထိုးစစ်ကြီးဆင်နွှဲပြီး ရုရှားက လေကြောင်း တိုက်ခိုက်တာတွေကိုကြောက်လို့ ထွက်ပြေးကြတာပါ''ဟု သတင်းဌာနက ဖော်ပြခဲ့သည်။

ဆီးရီးယားတပ်မတော်သည် ဒမတ်စကပ်မြို့တော် အပြင်ဘက်နှင့် ဒီရာအက်စ်ဇော၊ ဟုမ်းပြည်နယ်များတွင် ထိုးစစ်များ ဆင်နွှဲလျက်ရှိသည်။ ဒီရာအက်စ်ဇောတွင် စစ်တပ်၏ထိုးစစ်ကြောင့် စစ်သွေးကြွ ၁၆၀ ကို သုတ်သင် နိုင်ခဲ့သည်။ ဟုမ်းပြည်နယ်တွင်လည်း ပါလ်မိုင်ရာမြို့တွင် ဆီးရီးယားစစ်တပ်က အိုင်အက်စ်စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ အိုင်အက်စ် ၁၇ ဦး သေဆုံးခဲ့သည်။

ဟုမ်းပြည်နယ်တွင်းရှိ အစွန်းရောက်တပ်ဖွဲ့များနှင့် ဆီးရီးယားတပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ကြီးမား သော စစ်ဆင်ရေးနှင့်လေကြောင်းတိုက်ခိုက်မှုတို့ကို ကြောက်ရွံ့ပြီး အစွန်းရောက်တိုက်ခတ်ရေးသမားများ ဆုတ်ခွာထွက်ပြေးခဲ့ကြသော်လည်း နိုင်ငံခြားသားတိုက်ခတ်ရေးသမားများကမူ ဆုတ်ခွာရန် ငြင်းဆိုခဲ့ကြသည်။

''ရုရှားက လေကြောင်းကနေ တိုက်ခိုက်တာကို အကြမ်းဖက်အုပ်စုတွေက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြတယ်။ အမေရိကန်ညွန့်ပေါင်းတပ်ဖွဲ့တွေက စစ်ဆင်ရေးလုပ်တုန်းက ဘာမှမပြောခဲ့ကြဘူး''ဟု ဆီးရီးယားပြန်ကြားရေး ၀န်ကြီး အုပ်ရန်အယ်ဇ်ဇူဘီက ပြောခဲ့သည်။ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များသည် အကြမ်း ဖက်အဖွဲ့များကို ဆီးရီးယားတွင် တတ်နိုင်သလောက် ကြာကြာရှိစေချင်ကြကြောင်း မစ္စတာဇူဘီက ပြောခဲ့ သည်။

ဆီးရီးယားအစိုးရ၏ တောင်းဆိုမှုကြောင့် ရုရှားလေကြောင်းတပ်ဖွဲ့က အိုင်အက်စ်နှင့် အခြားစစ်သွေးကြွအဖွဲ့ များကို စက်တင်ဘာ ၃၀ ရက်မှစ၍ တိုက်ခိုက်လျက်ရှိသည်။

ထွဋ်ဝင်းထွဋ်
RT
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment