ဆာဒန် ဟူစိန်နဲ့ မိုအာမာ ဂါဒါဖီ (Credit: Reuters) |
ကုဋေကြွယ်သူဌေးလည်း ဖြစ်တဲ့ Donald Trump ကို CNN သတင်းနဲ့ တွေ့ဆုံရာမှာ Donald Trump က သူ့ရဲ့ ပြိုင်ဘက် သမ္မတ အိုဘားမားနဲ့ ဟီလာရီ ကလင်တန်တို့ရဲ့ အရှေ့အလယ်ပိုင်းဒေသ အရေး ကိုင်တွယ်မှုကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
ဒါဆိုရင် အရှေ့အလယ်ပိုင်းမှာ သူ့ပြည်သူကို ပြန်သတ်ပြီး ဖိနှိပ်မှု လုပ်တဲ့ ဂါဒါဖီလို ဆာဒန်ဟူစိန်လို လူတွေ ဆက်ထားသင့်တာလားလို့ မေးတဲ့အခါ Donald Trump က အဲဒီလူတွေ ဆက်ရှိရင် ကမ္ဘာအတွက် ပိုကောင်းမှာ ၁၀၀% သေခြာတယ်လို့ ဖြေကြားခဲ့ပါတယ်။
အခုဆိုရင် လူတွေ ခေါင်းဖြတ်သတ် ခံရတာတွေ၊ ပင်လယ်ပြင်မှာ ရေနစ် သေဆုံးမှုတွေ ဖြစ်နေရပြီး အဲဒါတွေဟာ ဆာဒန် ဟူစိန်နဲ့ ဂါဒါဖီလက်ထက်က အခြေအနေထက် ဆိုးဝါးတယ်လို့ ပြောလိုက်ပါတယ်။
အီရတ်နိုင်ငံရဲ့ လက်ရှိအခြေအနေကလည်း ဆာဒန် ဟူစိန် လက်ထက်က အခြေအနေထက် ဆိုးဝါးနေတယ်လို့ ပြောပါတယ်။
အီရန်နိုင်ငံက ရေနံတွေကို အမေရိကန်က မဝယ်ယူတဲ့အပေါ်လည်း ဝေဖန်လိုက်ပြီး အမေရိကန်က တုံးအလွန်းလို့ အခုဆိုရင် အဲဒီရေနံတွေနဲ့ တရုတ်နိုင်ငံက ကောင်းစားနေပြီလို့ ပြောပါတယ်။
သူကသာ သမ္မတ ဖြစ်လာရင် အမေရိကန် စစ်တပ်ကိုဘယ်သူမှ မထရဲတဲ့ တောင့်တင်းခိုင်မာတဲ့ စစ်တပ် ဖြစ်လာအောင် ပြုလုပ်မယ်လို့ ပြောသွားခဲ့ပါတယ်။
Donal Trump ဟာ ဒီမိုကရက်တစ် ပါတီက ပြိုင်ဘက် ဟီလာရီ ကလင်တန်ကို ထိုးနှက်ခဲ့သလို သူ့နဲ့ တစ်ပါတီ တည်းသား ကိုယ်စားလှယ်လောင်းတွေကိုလည်း ထိုးနှက်ခဲ့ပါတယ်။
သူဟာ လူပေါင်း ထောင်နဲ့ချီအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနေပြီး သူ့ရဲ့ ပြိုင်ဘက်တွေကတော့ အလုပ်အကိုင် တစ်ခုတောင် မဖန်တီးပေးနိုင်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment