မူးယစ်ဆေးဝါးများ သယ်ဆောင်မှုဖြင့် ဆော်ဒီအာရေဗျ မင်းသားကို လက်ဘနွန် ဖမ်းဆီး



ဘေရွတ် ၊ ၂၈-၁၀-၂၀၁၅

လက်ဘနွန် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ကိုယ်ပိုင်လေယာဉ် တစ်စင်းပေါ်တွင် မူးယစ်ဆေးဝါး များကို သယ်ဆောင် လာသည့် စွဲချက်ဖြင့် ဆော်ဒီမင်းသား တစ်ဦးကို ဖမ်းဆီးခဲ့ပြီး စစ်ဆေး မေးမြန်းလျက် ရှိကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက ထုတ်ပြန် ထားသည်။

ဆော်ဒီမင်းသား အဗ္ဗဒယ် အယ်လ်မူဆန် ဘင်ဝါလစ်ဘင် အဗ္ဗအယ်လ်အဇစ် အယ်ဆော့ဒ် ကို ဘေရွတ်မြို့ရှိ ရာဖစ်က်ဟာရီရာ နိုင်ငံတကာ လေဆိပ်၌ မူးယစ်ဆေးဝါး အပြည့် ထည့်ထားသည့် ခရီးဆောင် လက်ဆွဲအိတ် ရှစ်လုံး၊ လွယ်အိတ် ၂၄ လုံးတို့နှင့် အတူ တာဝန်ရှိသူများက အောက်တိုဘာ ၂၆ ရက်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီမင်းသားနှင့် အတူ အခြားလူ လေးဦးကိုလည်း တာဝန်ရှိ သူများက ဖမ်းဆီးခဲ့ပြီး ဆော်ဒီအာရေဗျ နိုင်ငံသို့ ကိုယ်ပိုင်ဂျက် လေယာဉ်များ အသုံးပြု၍ ကတ်တာဂွန် ဆေးဝါးနှစ်တန် ခန့်ကို တရားမဝင် မှောင်ခိုကူးရန် ကြိုးပမ်းမှုဖြင့် အဆိုပါ လေးဦးကို စွဲချက်တင် ထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင် များသည် အဆိုပါ တရားမဝင် မူးယစ်ဆေးဝါး များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်းနှင့် ကတ်တာဂွန် မူးယစ်ဆေးဝါး များသည် ISIS စစ်သွေးကြွ များ အကြိုက်ဆုံး မူးယစ်ဆေးဝါး ဖြစ်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment