ရုရှား၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ISIS စစ်သွေးကြွအဖွဲ့၏ ထောက်ပံ့ရေး လမ်းကြောင်းပြတ်တောက်


မော်စကို ၊ ၂၈-၁၀-၂၀၁၅

ရုရှားတပ်ဖွဲ့ဝင် များက ပြုလုပ်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှု များကြောင့် ISIS စစ်သွေးကြွ များ၏ ထောက်ပံ့ရေး လမ်းကြောင်းများ ပြတ်တောက် ခဲ့ရပြီးနောက် ISIS စစ်သွေးကြွ များမှာ ယခုအခါ အစာရေစာ ပြတ်လပ်လျက် ရှိကြောင်း သတင်း အရင်းအမြစ် များ၏ ထုတ်ပြန်ချက် အရ သိရသည်။

ရုရှား တိုက်လေယာဉ် များ၏ လေကြောင်း တိုက်ခိုက်မှု များကြောင့် ISIS စစ်သွေးကြွ များ၏ အစားအစာများ ထောက်ပံ့ရေး လမ်းကြောင်းများ သာမက လက်နက်ခဲယမ်း များနှင့် ဆေးဝါး ပစ္စည်းများ ပျက်စီးခဲ့ ရသည်ဟု ဆီးရီးယား နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် ကိုကိုးကား၍ RIA Novasti သတင်းဌာန က ဖော်ပြခဲ့သည်။

ISIS စစ်သွေးကြွ များသည် ယခုအခါ စားနပ်ရိက္ခာ အခက်အခဲ များစွာနှင့် ရင်ဆိုင်နေရပြီး အချို့ ISIS စစ်သွေးကြွ စခန်းများ၌ ရက်သတ္တပတ် အတွင်း အစားအစာများ လုံးဝပြတ်လပ် သွားနိုင်ကြောင်း သတင်း အရင်းအမြစ် တစ်ခုက ပြောကြားသည်။

ထို့ပြင် ISIS စစ်သွေးကြွ အဖွဲ့သည် ဒဏ်ရာရ သူများကို ကုသရန် အတွက်လည်း ဆေးဝါးများ ပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေ ရကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment