ပြင်သစ် လေကြောင်းလိုင်း Air France အရာရှိများ အစည်းအဝေး ကျင်းပရာနေရာသို့ ဆန္ဒပြ၀န်ထမ်းများ အတင်းဝင် ရောက်မှုကြောင့် အရာရှိကြီးများ ကိုယ်လွတ် ရုန်းထွက် ပြေးခဲ့ကြရကြောင်း သိရသည်။
လေကြောင်းလိုင်းမှ ၀န်ထမ်း ၂၉၀၀ လျော့ချရန် အစည်းအဝေး ထိုင်နေစဉ် ဆန္ဒပြ ၀န်ထမ်းများ အင်အား အလုံးအရင်းဖြင့် အစည်းအဝေးခန်း တံခါးကို ရိုက်ဖျက်ကာ ၀င်ရောက်သွားကြခြင်း ဖြစ်သည်။ Air France ၏ မိခင်ကုမ္ပဏီ ဖြစ်သော Air France –KLM သည် အကြမ်းဖက်သော ဆန္ဒပြ၀န်ထမ်းများကို ဥပဒေအရ အရေးယူနိုင်အောင် စီစဉ်နေကြောင်း သိရသည်။
Air France သည် လုပ်ငန်း အသုံးစရိတ် အကျပ်အတည်း ဖြစ်နေသောကြောင့် လုပ်သားများ လျှော့ချမည် ဖြစ်သလို၊ လေယာဉ်ခရီးစဉ်များလည်း လျှော့ချမည် ဖြစ်သည်။ ခရီးဝေးပျံသန်းမှု (၁၀) ရာခိုင်နှုန်း လျှော့ချမည် ဖြစ်သလို၊ လေယာဉ် ပမာဏလည်း လျှော့ချမည် ဖြစ်သည်။
ဆန္ဒပြသူများကြောင့် ထွက်ပြေးခဲ့ရသူ နှစ်ဦးမှာ Air France လူသားအရင်းအမြစ် မန်နေဂျာ ရှာဗီယာ ဘရိုဆက်တာနှင့် အိုလီလေဆိပ် Air France ညွှန်ကြားရေးမှူး ပီရာပီဆိုနီယာတို့ ဖြစ်သည်။ နှစ်ဦးစလုံး အ၀တ်အစား ဖရိုဖရဲဖြင့် ခြံစည်းရိုး ကျော်ကာ ထွက်ပြေးခဲ့ကြရသည်။
Source: BBC
The Messenger
messengernewsjournal.com
0 comments:
Post a Comment