အမျိုးသားများ ၀င်ရောက်ယှဉ်ပြိုင်သော အလှမယ်ပြိုင်ပွဲ


အလှမယ်ပြိုင်ပွဲသည် အမျိုးသမီးများ အတွက်သာ ရည်ရွယ် ကျင်းပလေ့ရှိသည်။ သို့သော် ဗင်နီဇွဲလားနိုင်ငံတွင် ကျင်းပသော အလှမယ် ပြိုင်ပွဲတစ်ခုသည် တစ်မူထူးခြားနေပြီး အမျိုးသားများသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပေးထားသည်။ ယင်းပြိုင်ပွဲသည် ဗင်နီဇွဲလားတွင် ထင်ရှားသော ပြိုင်ပွဲဖြစ်ပြီး (၉)ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ပြီးခဲ့သည့် တနင်္ဂနွေတွင် ကာကာရက်စ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ စိတ်ဝင်စားသူ အများအပြား ရှိခဲ့သည်။ ပြိုင်ပွဲ အမည်ကို Miss Gay ဟု ပေးထားသော်လည်း မိန်းမလျာများ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မဟုတ်ဘဲ အမျိုးသားများကိုသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပေးထားခြင်း ဖြစ်သည်။
      ပြောင်းလဲခြင်း အနုပညာကို သိရှိနိုင်အောင် ပြိုင်ပွဲကျင်းပရခြင်း ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။ ပြိုင်ပွဲဝင်မည့်သူများကို စည်းကမ်းများ ထုတ်ပြန်ထားသည်။ ငါးနာရီအတွင်း အပြီးပြင်ဆင်၍  ပြိုင်ပွဲဝင်ရခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင်သူသည် အသက် ( ၃၇)နှစ်အောက် ဖြစ်ရမည်ဖြစ်ပြီး၊ အနည်းဆုံး အရပ်အမြင့် (၅ပေ ၆လက်မ) ရှိရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်များသည် မိန်းမတစ်ယောက်လို ပြင်ဆင်ရသောကြောင့် တုတ်ခိုင်နေသော ခါးများကို ပလတ်စတစ်ကြိုးများဖြင့် ချည်နှောင်ခဲ့ရသည်။ မျက်လုံးကိုလည်း လှပအောင် ပြင်ဆင်ကြပြီး ရင်သားအတုများကိုလည်း တပ်ဆင်ရသည်။
      ထို့နောက် ပြိုင်ပွဲဝင်များသည် ညနေခင်း ဂါဝန်၊ ဘီကီနီများ ၀တ်ဆင်ပြီး စင်ပေါ်တွင် လမ်းလျှောက်ပြရသည်။ ထို့နောက် အလှမယ်ကို ရွေးချယ်ခြင်း ဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲတွင် ဆုရရှိသွားသူက အသက် (၂၄) နှစ်အရွယ်ရှိ ဂွန်ဇာလက်ဇ် ဖြစ်သည်။ ဂွန်ဇာလက်ဇ်က ဗင်နီဇွဲလား၏ အကြီးကျယ်ဆုံး ပြိုင်ပွဲတွင် ဆုရရှိခဲ့ခြင်းအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ ဗင်နီဇွဲလားသည် အလှမယ် အများအပြား မွေးထုတ်ပေးသည့် နိုင်ငံဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံမှ အလှမယ်များသည် အခြားနိုင်ငံများမှ အလှမယ်များထက် ဆုများ ပိုမိုရရှိထားကြသည်။ အမျိုးသမီးများ အတွက်သာ အလှမယ်ပြိုင်ပွဲ ရှိနေသောကြောင့် အမျိုးသားများအတွက် ရည်ရွယ်ပြီး ယခုပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment