လေးဘက်ထောက် တွားသွားပြီး ကျန်းမာရေး လေ့ကျင့်ခန်း ပြုလုပ်

ပန်းခြံတစ်ခုတွင် လူအများအဟြး လေးဘက်ထောက် တွားသွားနေခြင်းကို မြင်တွေ့ရသောကြောင့် အံ့အားသင့်စွာ ရပ်ကြည့်သူတွေ ရှိနေပါလိမ့်မည်။ မည်သည့် အတွက်ကြောင့် ထူးဆန်းသည့် အပြုအမူကို ပြုလုပ်နေကြသလဲဟု မေးခွန်းထုတ် နိုင်မှုလည်း ရှိနိုင်သည်။ ယင်းမြင်ကွင်းကို တရုတ်နိုင်ငံရှိ ပန်းခြံများတွင် နံနက်မိုးလင်းသည့် အခါတိုင်း နေ့စဉ်မြင်နေကြခြင်း ဖြစ်သည်။ လေးဘက်ထောက်ပြီး တွားသွားပုံစံ ပြုလုပ်ခြင်းသည် ကျန်းမာရေး ကောင်းမွန်စေရန်အတွက် ဖြစ်ကြောင်း ဆိုထားသည်။ ယင်းသို့ ပြုလုပ်ခြင်းကြောင့် လည်ပင်းနာကျင်ခြင်း၊ ကျောနာခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည်ဟု သိရသည်။ ဟီနန် ဒေသတွင် နေထိုင်သူများသည် နံနက်အစောပိုင်းတွင် လေးဘက်တွားသွားခြင်းကို ပြုလုပ်ကြပြီး၊ ယင်းသို့ပြုလုပ်ရာတွင် အသက်ကြီးသူများ အပြင် ငယ်ရွယ်သူများလည်း ပါဝင်ခဲ့သည်။ ယင်းလေ့ကျင့်ခန်းကို ပြုလုပ်ခဲ့သောဝမ်က လေးဘက်ထောက် တွာသွားခြင်းသည် ကျောရိုးများကို များစွာအထောက်အကူ ဖြစ်စေပြီး ကျန်းမာရေးအတွက် အလွန်ကောင်းကြောင်း ဟြေကြားခဲ့သည်။
      ယင်းနည်းသည် ရှေးယခင်ကတည်းက အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ဆရာဝန်များက ဟြေကြားခဲ့သည်။ ဟန်မင်းဆက် (အေဒီ ၁၈၉ မှ ၂၀၀) ကတည်းက ယင်းနည်းကို ကျန်းမာရေးအရ အသုံးပြုခဲ့ခြင်း ဖြစ်ပြီး၊ ရှေးနှစ်ပေါင်း (၂၀၀၀) လောက်က ကျင့်သုံးခဲ့သည့် ကျန်းမာရေး အထောက်အကူပြု နည်းလမ်းဖြစ်ကြောင်း သိရသည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment