
ဒါဟာ သိပ်တော့ မဆိုးရွားပါဘူး။ သူ နားထောင်ခဲ့တဲ့ သီချင်းကတော့ Rick Astley ရဲ့ ၁၉၈၀ ခုနှစ်ဝန်းကျင်က ကျော်ကြားခဲ့တဲ့ Never Gonna Give You Up ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် Jack White ဟာ သူ့ကိုယ်သူ ဆောက်သမ်ပတန် မြို့ ၊ Highfield House ဟော်တယ် က အခန်းတစ်ခန်းထဲမှာ သူ့ကိုယ်သူ လှောင်ပိတ်ထားပြီး သောကြာင်္နေ့မနက်ပိုင်းကနေ တနလာင်္နေ့ ညနေပိုင်းအထိ Rick Astley ရဲ့ သီချင်း တစ်ပုဒ်ထဲကိုပဲ နားဆင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ထို ကာလအတွင်းမှာ Jack ဟာ စကားပြောဖို့ ၊ ရေချိုးသန့်စင် ဆေးကြောဖို့လည်း စိတ်ကူးမရှိခဲ့သလို ၊ ဆန်ပြုတ် ၊ ရေ နဲ့ ထမင်းတို့ကိုလည်း ရှောင်ကြဉ်နေခဲ့ပါတယ်။ သူဟာ အဲဒီသီချင်းတစ်ပုဒ်ထဲကိုပဲ ဆက်တိုက် နားဆင်နေတဲ့အပြင် နာရီအနည်းငယ် တောင် မအိပ်ခဲ့ရှာပါဘူး။
သူရွေးချယ်ခဲ့တဲ့ Rick Astley ရဲ့ Never Gonna Give Up ဆိုတဲ့ သီချင်းကတော့ ၁၉၈၇ ခုနှစ်တုန်းက နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ နံပါတ် ၁ ဖြစ်ခဲ့တဲ့ သီချင်းပါ။ တစ်ကယ်တော့ Jack ဟာ ဆီးချိုသွေးချို ဖြစ်နေသူများ အဖွဲ့အစည်းအတွက် ရန်ပုံငွေ ဖန်တီးရှာဖွေပေးနေသူလည်းဖြစ်ပါတယ်။
"အဲဒါဘာလည်းဆိုတာကျွန်တော် စိတ်ထဲမရှိပါဘူး။ သင်ဟာ ကမ္ဘာမှာ အကောင်းဆုံးဆိုတဲ့သီချင်းကို ၄ ရက်ဆက်တိုက် တောက်လျှောက်နားထောင်နိုင်ပါတယ်။ ပြီးတော့ အဲဒါဟာလည်း ကြောက်မက်ဖွယ် ကောင်းပါတယ်။ " လို့ Jack က ဆိုပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment