ယူကရိန်းမော်ဒယ် တစ်ဦးသည် ငွေကြေး အခက်အခဲ ကြုံတွေ့နေရသော ကလပ်အသင်း တစ်သင်းကို အကူအညီများ ပေးအပ်ခဲ့သည်။ အိန်ဂျလီနာ ပီထရိုဗာ အမည်ရ မော်ဒယ်တစ်ဦးသည် အဖော်အချွတ် ဓာတ်ပုံများ ရိုက်ကူးကာ ငွေကြေး ရရှိရန် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ် သည်။ ယူကရိန်းနိုင်ငံ၊ အရှေ့တောင်ပိုင်း ဇာပိုရီဇာပီာရာ အရပ်ဒေသတွင် အခြေစိုက်သည့် မီတာလူ ဇာပိုရီဇာ ကလပ်အသင်းသည် ငွေကြေးအခက်အခဲ ကြုံနေခြင်းကြောင့် ပီထရိုဗာက ကူညီပေးခဲ့ခြင်း ဖြစ်သည်။ ပီထရိုဗာသည် ဘောလုံးကလပ်အသင်း ဂျာစီများကို ၀တ်ဆင်ပြီး အဖော်အချွတ်ပုံစံ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ရိုက်ကူးရာတွင် ငွေကြေးအခက်အခဲ ကြုံနေသည့် ကလပ်အသင်း၏ ကွင်းကိုအသုံးပြုခဲ့ခြင်း ဖြစ်သည်။ ယင်းဓာတ်ပုံများကို ပိုစတာများနှင့် အထိမ်းအမှတ် ပစ္စည်းများတွင် အသုံးပြုပြီး ငွေကြေး ရှာဖွေသွားမည် ဖြစ်သည်။ မီတာလူဇာ ပိုရီဇာ အသင်းသည် (၈)ပွဲ ပြီးချိန်၌ (၁)ပွဲသာ အနိုင်ရထားသည်။
The Messenger
http://www.messengernewsjournal.com/
0 comments:
Post a Comment