ကွတ်ခိုင်မြို့နယ်မှာ ကေအိုင်အိုနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား


 ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ကင်းလှည့်နေတဲ့ အစိုးရစစ်သားတွေကို တွေ့ရစဉ်။ Photo: Kan Thar/RFA
 ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟူဖြတ်ကျေးရွာအနီးမှာ ကေအိုင်အိုနဲ့ အစိုးရတပ် ဒီနေ့ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။

အစိုးရတပ်မ ၉၉ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အို တပ်ရင်း ၉ တို့ကြား တိုက်ပွဲတွေဖြစ်နေကြောင်း ကေအိုင်အို တပ်မဟာ ၄ က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဇော်ဂန် က ပြောပါတယ်။

"တပ်ရင်း  ၉ ဘက်မှာဖြစ်နေတယ်၊ ဒီမနက် ၉ နာရီကနေ စဖြစ်တယ်၊ ဟူဖြတ်ရွာဘေးမှာ ခုနက တောက်လျှောက်ဖြစ်နေတုန်းပဲလို့ပြောတယ်၊ ဒီကနေ့ဖြစ်တာ ကျနော်တို့ အရင်စခန်းချတဲ့ ရွာဟောင်းမှာပဲ"

အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး၊ တိုက်ပွဲကြောင့် ထိခိုက်မှုအခြေအနေ အသေးစိတ် ကိုတော့ မသိရသေးကြောင်း၊ မနေ့ မနက်ပိုင်းကလည်း ကေအိုင်အိုတပ်ရင်း ၉ စခန်းကို စစ်ရေးအခြေအနေအရ လုံခြုံမှုမရှိတော့တာကြောင့် ဆုတ်ပေးခဲ့ရကြောင်း ဗိုလ်မှုးကြီး ဇော်ဂန် က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ဒေသမှာ ကေအိုင်အေတပ်ရင်း အတော်များများရှိပေမဲ့၊ အခုတလော တပ်ရင်း ၉ နေရာတစ်ခုမှာပဲ တိုက်ပွဲတွေဖြစ်ပွားနေတာလို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment