တရုတ်နိုင်ငံရှိ အမျိုးသားတစ်ဦးသည် အမျိုးသမီးယောင် ဆောင်ပြီး လုယက်မှု ကျူးလွန်ခဲ့ကြောင်း ဒေးလီးမေးလ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါအမျိုးသားသည် အင်တာနက်ကို အသုံးပြုပြီး လုယက်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ အင်တာနက်ပေါ်တွင် အမျိုးသမီး တစ်ဦးအဖြစ် အကောင့်ဖွင့် သုံးစွဲခဲ့သည်။ ထို့နောက် သားကောင်ကို ရှာဖွေပြီး လုယက်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ချန်ဒူးဒေသတွင် နေထိုင်သည် တန်အမည်ရ အမျိုးသားသည် ယခင်က အလှပြင်ဆိုင်တွင် အလုပ် လုပ်ခဲ့ဖူးသောကြောင့် မိတ်ကပ်ပညာကို ကောင်းစွာ တတ်ကျွမ်းခဲ့သည်။ ထို့ကြောင့် အမျိုးသမီးတစ်ဦးအဖြစ် ပာန်ဆောင် ပြုပြင်ကာ သူ့ကိုယ်သူ နှင်းဆီနက်ဟု အမည်ပေးကာ သားကောင်ရှာဖွေရာ အသက်(၂၀)အရွယ် အမျိုးသားတစ်ဦးကို တွေ့ခဲ့သည်။ ထို့နောက် ဆွဲဆောင် စည်းရုံးမှုတွေ ပြုလုပ်ပြီး ဟိုတယ်တွင် တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။ တန်သည် ဟိုတယ်သို့ သွားရာတွင် အမျိုးသမီးတစ်ဦးလို ၀တ်ဆင်ခဲ့သည်။ ယင်းနောက် အင်တာနက်တွင် ဆုံတွေ့ခဲ့သည့် အမျိုးသားနှင့် တွေဆုံခဲ့သည်။
အဆိုပါ အမျိုးသားတွင် နောက်ထပ် အဖော်အမျိုးသားတစ်ဦး ပါဝင်ခဲ့သည်။ စကားများ ပြောဆိုရင်း ဘီယာ သောက်ပြီးနောက် နှစ်ခွက်လောက် အကုန်တွင် အိပ်ပျော်သွားခဲ့သည်။ တန်သည် ဘီယာခွက်ထဲတွင် ဆေးများ ထည့်ခဲ့သောကြောင့် အိပ်ပျော်သွားခြင်း ဖြစ်သည်။ ထို့နောက် တန်သည် ငွေကြေးနှင့် ပစ္စည်းများကို အသာအယာ ယူဆောင်သွားခဲ့သည်။ ပစ္စည်းများ ပျောက်ဆုံးခဲ့သော အမျိုးသားသည် ရဲတပ်ဖွဲ့တိုင်ကြားခဲ့ရာ ချက်ချင်း ဖမ်းဆီးနိုင်ခဲ့သည်။ တန်ကို စစ်ဆေးသည့်အခါ ကလေးဖခင် တစ်ဦးဖြစ်ပြီး၊ လက်ရှိဇနီးဖြစ်သူနှင့် ကွာရှင်းထားသည်။
အင်တာနက်တွင် ချောမောသည့် အမျိုးသမီးတစ်ဦး တွေ့တိုင်း အလွယ်တကူ မယုံကြည်ကြဖို့ ယခုဖြစ်ရပ်က သက်သေပြလျက် ရှိသည်။ အမျိုးသားက အမျိုးသမီး ဟန်ဆောင်ပြီး အင်တာနက်ကို အသုံးပြုကာ လုယက်မှု ကျူးလွန်ခဲ့ခြင်းသည် အံ့အားသင့်စရာ ဖြစ်ခဲ့ကြောင်း ဒေးလီးမေးလ် သတင်းတွင် ဖော်ပြထားသည်။
The Messenger
messengernewsjournal.com
0 comments:
Post a Comment