တောင်ကိုးရီးယားနိုင်ငံတွင် ကျောင်းသားများကို သေခြင်းတရားနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် သင်ကြားပေးမှု ပြုလုပ်ခဲ့သည်။ ယင်းမှာ အခေါင်းထဲကို ကိုယ်တိုင်ဝင်ရောက် ခံစားစေခြင်းဖြစ်သည်။
ယင်းကို ဆိုးလ်မြို့ရှိ ခန်းမတစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အသုဘ ပစ္စည်းများ ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ဖူးသည့် ဂျာအွန်ယောင်မွန်က သင်ကြား ပြသပေးခဲ့ခြင်း ဖြစ်သည်။ သေခြင်းတရားကို အကောင်းဆုံး ရင်ဆိုင်ရန် ပြသပေးခဲ့ခြင်း ဖြစ်သည်။ ကျောင်းသားများသည် မိမိတို့၏ ပုံတူဓာတ်ပုံများကို ကိုင်ဆောင်ပြီး အခေါင်းထဲ ၀င်ရောက်ရခြင်း ဖြစ်သည်။ တုန်လှုပ်စရာ ကောင်းသည့် အခြေအနေဖြစ်သည်။ အခေါင်းထဲမ၀င်မီ သင်ကြားပြသမှုများ ပြုလုပ်ပေးခဲ့သည်။ ယင်းနောက် အခေါင်းထဲ (၁၀) မိနစ် နေထိုင်ခိုင်းခဲ့သည်။
ယင်းအချိန်တွင် တိတ်ဆိတ်နေပြီး မီးရောင်လည်း မရှိသောကြောင့် စိတ်ခြောက်ခြားမှုကို ဖြစ်ပေါ်စေမည် ဖြစ်သည်။ သို့သော် အခေါင်းထဲမှ ထွက်လာပြီးနောက် သေခြင်း၏ သဘောတရားကို သိရှိသွားပြီး သေခြင်းကို ရဲဝံ့စွာ ရင်ဆိုင်နိုင်သည့် အသိတရား ရရှိသွားမည် ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသည် စီးပွားရေးအရ တိုးတက်သော်လည်း စိတ်ဖိစီးမှုများကြောင့် တစ်နေ့ကို ပျှမ်းမျှ (၄၄) ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေလေ့ ရှိသည်။ ထို့ကြောင့် တောင်ကိုရီးယားသည် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အများဆုံးနိုင်ငံများတွင် ဒုတိယနေရာတွင် ရှိနေသည်။ ထို့ကြောင့် သေဆုံးမှု လျော့နည်းအောင် သေခြင်းတရားကို သိရှိအောင် အခေါင်းထဲ ၀င်စေခဲ့ခြင်း ဖြစ်သည်။
The Messenger
messengernewsjournal.com
0 comments:
Post a Comment