
ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှုနှင့် မိုးအချိန်မှန် မရွာသွန်းမှု မရှိမှုတို့ကြောင့် သီးနှံများ ပျက်စီးခဲ့ရာ လူသန်း (၆၀) သည် အစားအစာ လုံလောက်စွာ ရရှိခြင်း မရှိတော့ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ဖက်ဒရေးရှင်းနှင့် လခြမ်းနီအဖွဲ့ (IFRC) များက ပြောဆိုခဲ့သည်။
ဂမ်ဘီယာ၊ မော်ရီတေးနီးယား၊ မာလာဝီ၊ နမီးဘီးယား၊ ဆီနီဂေါနှင့် ဇင်ဘာဘွေတို့ရှိ လူ (၂၀၀၀၀၀) ကျော်တို့အား အကူအညီပေးရန် ဆွစ်ဇာလန်သုံး ဖရန့်ရှစ်သန်း လိုအပ်နေကြောင်း IFRC ကပြောဆိုခဲ့သည်။
ပစိဖိတ်သမုဒ္ဒရာ ပိုမိုပူနွေးလာမှု၏ နောက်ဆက်တွဲ အကျိုးဆက် အဖြစ် အီကွေတာနားရှိ အာဖရိက နိုင်ငံများတွင် ရေကြီးရေလျှံခြင်း၊ အာဖရိက တောင်ပိုင်းနှင့် ဆာဟယ် ဒေသတို့တွင် မိုးခေါင်ရေရှားခြင်းတို့ ပေါ်ပေါက်တော့မည် ဖြစ်ကြောင်း ဥထ်ော အပါအ၀င် ပရဟိတ အဖွဲ့များက သတိပေး ပြောဆိုခဲ့သည်။
မိသားစု အများစုသည် သစ်ရွက် သစ်ခေါက်များကိုပင် စားနေရပြီ ဖြစ်ကြောင်း IFRC မှ အရာရှိ မေရီယန်ဂရုက ပြောဆိုခဲ့သည်။
ဆာဟာရ သဲကန္တရ တောင်ပိုင်းရှိ အာဖရိကနိုင်ငံများမှ ကလေးငယ် သုံးပုံ တစ်ပုံသည် အဟာရ ပြည့်ဝစွာ စားသောက်ရမှု မရှိခြင်းကြောင့် မွေးဖွားပြီးရက် (၁၀၀၀) အတွင်း ခန္ဓာကိုယ် ဖွံ့ဖြိုးမှု တန့်သွားခဲ့ကြောင်း ကုလကလေးငယ်များဆိုင်ရာ အေဂျင်စီ (ယူနီဆက်ဖ်) က ပြောဆိုခဲ့သည်။
အစားအစာ ပြတ်လပ်ခြင်းကြောင့် လူများစွာသည် အစားအစာ စားခွင့်ရရှိရေး အတွက် ယခင်က မစဉ်းစားခဲ့သည့် နည်းလမ်းများကို စဉ်းစားလာစေခဲ့သည်။ မိဘများသည် သားသမီးများအား ကျောင်းမှထုတ်ပြီး အလုပ်လုပ်စေခြင်း၊ အမျိုးသမီးများက လိင်လုပ်ငန်းတွင် ၀င်ရောက် လုပ်ကိုင်ခြင်းနှင့် လယ်သမားများက ၄င်းတို့မွေးထားသော ကျွဲ ၊ နွား၊ ကြက်ဘဲများကို သတ်ဖြတ်ခြင်းတို့ ရှိလာခဲ့သည်။
messenger news journal
0 comments:
Post a Comment