ကမ်းနားလမ်းမသစ်ပေါ်မှ ဒုတိယအကြိမ် အရှိန်လွန် ကုန်ကားပြုတ်ကျ၍ လမ်းဘေးရပ်ယာဉ် ငါးစီးပျက်စီး


 ရန်ကုန် အောက်တိုဘာ ၂၁

 လမ်းအသုံးပြုခ ပေးဆောင်မှ ဖြတ်သန်းခွင့်ရှိသော ကွန်ကရစ်လမ်း ခင်းထားသည့် ကမ်းနားလမ်းမသစ် ကြီးပေါ်တွင် နာရီပေါင်း ၆ဝ အတွင်း ဒုတိယအကြိမ် ကုန်ကားကြီးတစ်စီး အရှိန်လွန်၍ ကမ်းနားလမ်းမဟောင်း ပေါ် ထပ်မံပြုတ်ကျမှု အောက်တိုဘာ ၂၁ ရက် နံနက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အရှေ့မှ အနောက်သို့ မောင်းနှင်လာသော ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသည့် ၁ဝ ဘီးယာဉ် အမှတ7G/----- ဘိလပ် မြေဖျော်စက် အုန်းမွှေးလုံးယာဉ် သည် တည်ဆောက်ဆဲ လမ်းသစ် လမ်းဆုံ လူကူးခုံးကျော်တံတား အောက်မှဖြတ်ပြီးနောက် လမ်းကွေ့ တွင် အရှိန်လွန်၍ လမ်းဘေးပန်းနှင့် သစ်ပင်စိုက်ခုံတန်းပေါ် ကျော်တက် ကာ သုံးပေဝန်းကျင်နိမ့်သည့် ကမ်း နားလမ်းဟောင်း လမ်းဘေးရှိ ရပ် နားထားသော ယာဉ်တန်းများပေါ် ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

ကမ်းနားလမ်းသစ်၏ မြေထိန်း အုတ်နံရံများ၊ သစ်ပင်စိုက်ပျိုးထားမှု များ၊ ရေမြောင်းများ ထိခိုက်ပျက်စီး ခဲ့ပြီး အဆိုပါ ယာဉ်သည် အမှတ5H/---- ၏ နောက်ဘက်မှန်များ ကွဲကျပျက်စီးမှုနှင့်အတူ ယာဉ်ကိုယ် ထည်နောက်ပိုင်းသည် လမ်းဘေးရှိ ယာဉ်အမှတ်2G/---- ကင်တာ ကုန် ကားငယ်ပေါ်သို့ ပြုတ်ကျခဲ့သည် အထိ တိုက်မိခဲ့ပြီးနောက် အခြား အိမ်စီးယာဉ်ငယ် တစ်စီးဖြစ်သော ရွှေဝါးမတ်တူး ယာဉ်ငယ်မှာ ယာဉ်တိုက်ခံရပြီး မောင်းထွက်သွား သည်''ဟု မျက်မြင်တွေ့ခဲ့သူတစ်ဦးက ဆိုသည်။ နောက်ဆုံးတိုက်ခံရသော လမ်းမတော်မြို့နယ် အမှိုက်သယ် ယာဉ်ကားနေရာတွင် ရပ်ထားသော လိမ္မော်ရောင် အမှိုက်သိမ်းယာဉ်မှာ ယာဉ်ရှေ့ပိုင်း ပျက်စီးသွားသည်ဟု လမ်းမတော်မြို့နယ် စည်ပင်သန့်ရှင်း ရေးတာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးသူ မရှိဟု သိရပြီး နံနက် ၉ နာရီ အထိ ယာဉ်ရှင်းလင်းမှု ဆောင်ရွက် နေဆဲဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီခန့်ကလည်း လသာ မြို့နယ် ၁၉ လမ်းထိပ်ကမ်းနား လမ်းသစ်ပေါ်မှ ကုန်သေတ္တာမပါ ၁၄ ဘီး နောက်တွဲယာဉ်ကြီးတစ်စီး အနောက်မှ အရှေ့သို့ မောင်းနှင် လာစဉ် တစ်ဖက်ဆန့်ကျင်ဘက်ယာဉ် ကြောကိုကျော်လွန်၍ လမ်းဘေးရပ် ယာဉ်ငယ် ခြောက်စီးပေါ် ပြုတ်ကျ သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

''လသာမြို့နယ်တွင် ပထမဆုံး ဖြစ်စဉ်ဖြစ်သော်လည်း လမ်းမတော် နှင့် အလုံမြို့နယ်တို့တွင်မူနေ့၊ ညမ ရွေး မကြာခဏ ကုန်ကားကြီးများ အရှိန်လွန်ပြုတ်ကျမှုများ ဖြစ်ပေါ်လေ့ ရှိသည်။ လမ်းဘေးရပ်ယာဉ်ငယ် ပိုင်ရှင်များက စိုးရိမ်သောကဖြင့် ရပ်ထားနေရသည်'' ဟု လမ်းမတော် မြို့နယ် ကမ်းနားလမ်း ၂ ရပ်ကွက်နေ ဦးလှဦးက ဆိုသည်။
ခင်ဆိုင်

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment