စစ်တွေ မင်းဂံမှ အဓမ္မပြုကျင့်ခံခဲ့ရသည့် မိန်းခလေးငယ် ရန်ကုန် ကလေးဆေးရုံတွင် သေဆုံး


 ရန်ကုန်၊ အောက်တိုဘာ ၂၁

 ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ စစ်သား တစ်ဦး၏ အဓမ္မပြုကျင့်ခြင်းကိုခံခဲ့ရပြီးနောက် ရန်ကုန်မြို့သို ဆေးကုသရန် ယူဆောင်လာသော အသက် (၈) နှစ်အရွယ် မိန်းခလေးငယ် သည် အောက်တိုဘာလ ၂၁ ရက် နေ့လယ် တစ်နာရီ ငါးမိနစ်တွင် ရန်ကုန်မြို့ ရန်ကင်း ကလေးဆေးရုံတွင် သေဆုံးသွားခဲ့သည်။

“ အထူးကြတ်မတ် ကုသနေတဲ့ ကြားထဲက သေဆုံးသွားတာ ဖြစ်ပါတယ်။ ကလေးဒီကို ရောက်တာ နောက်ကျသွားပါတယ်။ကျွန်မတို့ လည်းအတက်နိုင်ဆုံးကြိုးစားပြီးကုသခဲ့ပါတယ်” ဟုရန်ကင်း ဆေးရုံ အထူးကြပ်မတ်ဆောင်မှ တာဝန်ကျ ဆရာဝန် ဒေါက်တာ သန်းသန်းနုမှ နိရဉ္စရာသတင်းဌာသို့ အတည်ပြု ပြောကြားသည်။

သေဆုံးသူ မိန်းခလေးငယ်မှာ မဌေးဌေးစံ (၈) နှစ်ဖြစ်ပြီး နာတာရှည် ရောဂါ ခံစားနေရသူ တစ်ဦးဟု သိရသည်။ သူမအား စက်တင်ဘာလ ၂၂ ရက်နေ့က တပ်ရင်း ၃၅၄ မှ စစ်သား တစ်ဦး၏ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရသည်ဟု မိသားစုများက ပြောသည်။

၎င်းကလေးငယ်အား စစ်တွေမှ တဆင့် ရန်ကုန်သို့ယူဆောင်လာပြီး ရန်ကင်း ကလေးဆေးရုံ၌ တက်ရောက် ကုသနေရာမှ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

သူမ သေဆုံးမှုမှာ သူမခံစားနေရသော နာတာရှည် ရောဂါကြောင့်လား (သို့မဟုတ်) အဓမ္မပြုကျင့်ခံရခြင်းေ ကြာင့် သေဆုံး သွားခြင်းလား ဆိုသည်ကို ဆေးရုံမှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

သူမ ဆေးရုံတက် ကုသနေစဉ် လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသော ရခိုင် လူငယ်များ အဖွဲ့မှ ကိုဖိုးသားကို ဆက်သွယ် မေးမြန်းရာတွင်လည်း “ အလောင်းကို အအေးခန်းကို ပို့ထားပါတယ်။ ရေဝေးကို ပို့ဆောင်ဖို့ အလုပ်နေပါတယ်။ မနက်ဖြန် သဂြိုင်္လ်သွားမှာပါ။ ဒီကလေး နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တော်တော် အလုပ်များနေပါတယ်။ အသေးစိပ်ကိုနောက်မှပြောလို့ ရမယ်ဗျာ” ဟု ပြောဆိုသည်။

သူမအား အောက်တိုဘာလ ၂၂ ရက်နေ့ မနက် ၁၀ နာရီခန့် တွင် ရေဝေးသုဿန်၌ မီးသဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။

အဓမ္မပြုကျင့်သူဟု စွပ်စွဲခံထားရသူ စစ်သားအား အခုအခါ တပ်မတော်မှ ထိန်းသိမ်းထားပြီး မူးယစ်သောက်စားမှု၊ တာဝန်ပျက်ကွက်မှု၊ တပ်မတော်အား ဂုဏ်သိက္ခာ ညှိးနွမ်းစေမူတို့ဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။ ယင်းအမှုများကို စီရင်ချက်ချပြီးနောက်ပိုင်းမှ အရပ်ဘက် တရားရုံးသို့ လွဲပြောင်းကာ အဓမ္မမှုနှင့် ဆက်လက် တရားစွဲ သွားမည်ဟု သိရသည်။

ဝဏ္ဍခွာညို
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment