ခရီးသည်တင်ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိ


 ရန်ကုန်၊ အောက်တိုဘာ ၂၄

 ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်မှု၊ ခိုးမှု၊ လုယက်မှုများ ဖော်ထုတ်ဖမ်းဆီးရမိရေး အတွက် ၁၉.၁၀.၂၀၁၅ရက်နေ့ ၁၈၃၀ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီး၊ ကန်သာယာကား မှတ်တိုင်၌ စောင့်ကြည့် သတင်း စုံစမ်းနေစဉ် မှတ်တိုင်သို့ ဆိုက်ရောက်လာ
သည့် အမှတ်(၈၂)ယာဉ်လိုင်း ဒိုင်နာခရီးသည်တင် ယာဉ်ပေါ်မှ ဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူများဖြစ်ကြသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နေ ပူစီ(ခ)၀င်းလှိုင်၊ (၄၂)နှစ်၊ ကိုသက်(ခ)မြတ်ကျော်သက်(၃၅)နှစ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ လက်ကပ်(ခ) ခင်မောင်ဦး၊ (၅၈)နှစ်၊ ရွှေပြည်သာမြို့နယ်နေ တင်ခိုင်(ခ)မောင်ခိုင်၊ (၃၆)နှစ်၊ မြောက်ဥက္ကလာပ မြို့နယ်နေ ထွန်းအောင်၊ (၃၈)နှစ်နှင့် တိုက်ကြီးမြို့နယ်နေ အောင်ဝင်းကျော်၊ (၃၅)နှစ်တို့(၆)ဦးအားတွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့ထံမှ AIS3G
အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးနှင့် ပူစီ(ခ)၀င်းလှိုင်လွယ်ထားသည့် လွယ်အိတ်အတွင်းမှ ငွေကျပ် (၅၁၅၀၀)ကို တွေ့ရှိခဲ့ပါသည်။

၎င်းတို့အားစစ်ဆေးချက်အရ အဆိုပါတွေ့ရှိသည့်ငွေကျပ် (၅၁၅၀၀)မှာ အမှတ်(၈၂)ဒိုင်နာခရီးသည် တင်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာစဉ် အသက်(၅၅)ခန့်ရှိ အမျိုးသားတစ်ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှလည်းကောင်း၊ AIS3G အမျိုးအစား လက်ကိုင်ဖုန်းမှာ အမှတ်(၁၈၇)ဘီအမ် ခရီးသည်တင် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာစဉ် အသက်(၁၉)နှစ်ခန့်ရှိ ခရီးသည်လူငယ် တစ်ဦးထံမှလည်းကောင်း ပူစီ(ခ)၀င်းလှိုင်က နှိုက်ယူစဉ် ကျန်(၅)ဦးတို့မှ လူကာပေးပြီးနှိုက်ယူခဲ့ကြခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ)၈၂၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့မရဲစခန်း(ပ)၅၉၅/ ၂၀၁၅၊ ပြစ်မှုပုဒ်မ၃၇၉(နှိုက်)/၅၄ဖြင့် လည်းကောင်း အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment