အမေရိကန်တွင် နေအိမ်တစ်အိမ်မှ သေနတ်အလက် ၁၀၀၀၀ ခန့် သိမ်းဆည်းရမိ



 နယူးယောက် ၊ ၂၈-၁၀-၂၀၁၅

 ယမန်နေ့တွင် အမေရိကန် ပြည်ထောင်စု တောင်ပိုင်း ကာရိုလိုင်းနား ပြည်နယ် ချက်စတာဖီးလ် ပြည်နယ်ခွဲရှိ နေအိမ် တစ်အိမ်ကို ရဲတပ်ဖွဲ့ဝင် များက သတင်းအရ ဝင်ရောက် ရှာဖွေရာ သေနတ် အလက်ပေါင်း ၁ဝဝဝဝ ခန့်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်ပိုင်ရှင်မှာ ဘရန့် နစ်ကိုလ်ဆင် ဖြစ်ကြောင်း၊ သေနတ်များမှာ အမျိုးအစား စုံလင်ကြောင်း၊ အများစုမှာ ခိုးရာပါ ပစ္စည်းများကို ဝယ်ယူထားခြင်း ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ပြီး သေနတ် အရေအတွက် များပြား လွန်းသည့် အတွက် တာဝန်ရှိ သူများက အချိန်ယူစိစစ် ခဲ့ရကာ သယ်ယူရာ ၌လည်း နောက်တွဲယာဉ် အများအပြား ကို အသုံးပြု ခဲ့ရကြောင်း သိရသည်။

''ဒီလောက်များတဲ့ သေနတ်တွေကို တစ်နေရာတည်း ကနေ သိမ်းဆည်းရမိ ဖူးတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဒီလောက်များတဲ့ သေနတ်တွေ စုဆောင်းနိုင်ဖို့ ဒီလူဟာ ဖောက်ထွင်း ဝင်ရောက် ခိုးယူမှုပေါင်း ဘယ်နှကြိမ် လုပ်ခဲ့ ရသလဲဆိုတာ စဉ်းစားလို့ မရပါဘူး'' ဟု ချက်စတာဖီးလ် ပြည်နယ်ခွဲ ရဲတပ်ဖွဲ့မှူး က ပြောပြသည်။

နစ်ကိုလ်ဆင်၏ နေအိမ်တွင် ခိုးရာပါ သေနတ်ပေါင်း ၁ဝဝဝဝ ခန့်နှင့်အတူ ချိန်းဆောလွှစက် အလုံး ၁၅ဝ နှင့် အခြားခိုးရာပါ ပစ္စည်းမျိုးစုံ ကို တွေ့ရှိရပြီး ထပ်မံ သိမ်းဆည်း ရမိထားသော ခိုးရာပါ ပစ္စည်းများ၏
တန်ဖိုးမှာ အမေရိကန် ဒေါ်လာ တစ်သန်းခန့် ရှိမည် ဖြစ်ကြောင်း သိရှိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment