ကျူးဘားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကုလညီလာခံမှာရှုတ်ချ


 ကျူးဘားအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တခဲနက်မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါဟာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတွေ ပြန်လည်စတင်ပြီးတဲ့နောက် ပထမဆုံးအကြိမ် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။

ဒီလိုမဲခွဲရာမှာ ယခင်နဲ့မတူဘဲ ပိုမိုထောက်ခံမှုတွေ ရရှိခဲ့ပါတယ်။ ဘယ်နိုင်ငံကမှ ကြားနေတယ်ဆိုတာ မတွေ့ရဘဲ အမေရိကန်နဲ့ အစ္စရေးကသာ ဒီအဆိုကို ဆန့်ကျင်ကန့်ကွက်ခဲ့တာကို တွေ့ရှိရပါတယ်။

ဒီမဲခွဲဆုံးဖြတ်မှု မလုပ်ခင်မှာဘဲ ကျူးဘားနိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez က ဒီဒဏ်ခတ်ပိတ်ဆို့မှုဟာ ကျူးဘားနိုင်ငံသား အားလုံးရဲ့ လူ့အခွင့်အရေးတွေကို စနစ်တကျ ကျူးလွန် ချိုးဖောက်နေတာသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ကျူးဘားနိုင်ငံက တင်သွင်းခဲ့တဲ့ မူကြမ်းဟာ အရင်နှစ်တွေနဲ့ သိသိသာသာ ဘာမှမထူးခြားဘူးလို့လည်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment