ဗိုလ်ချုပ်ရာပြည့်ပွဲကျင်းပခွင့်မရသည့် နေပြည်တော် တပေါင်းကွင်းမှာ ပြည်ခိုင်ဖြိုး မီးပုံးပျံလွှတ်ပွဲ ကျင်းပ



နေပြည်တော်ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုးရေးပါတီ အောင်နိုင်ရေးကော်မတီမှ မီးပုံးပျံလွှတ်တင်ပွဲကို ဥပ္ပါတသန္တိ တပေါင်းကွင်းထဲတွင် ယနေ့ အောက်တိုဘာ ၂၈ ည ၇ နာရီခန့်မှစတင်၍ ကျင်းပပြုလုပ်နေပါတယ်။

 အဆိုပါ ပွဲသို့ နေပြည်တော်ကောင်စီဥက္ကဌ ဦးသိန်းညွန်နှင့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရပါတယ်။

ယခု ပြည်ခိုင်ဖြိုးမီးပုံပျံလွှတ်တင်ပွဲကျင်းပရာကွင်းကြီးသည် ဗိုလ်ချုပ်ရာပြည့်ပွဲကျင်းပရန် NLD မှ ခွင့်တောင်းခဲ့စဉ်က ဘာသာရေးအထိမ်းအမှတ်ပွဲသာ ကျင်းပတဲ့ကွင်းဖြစ်လို့ နိုင်ငံရေး ပါတီတွေရဲ့ ပွဲတွေကို ကျင်းပခွင့်မရှိကြောင်း တားမြစ်ခဲ့သောကွင်း ဖြစ်ပါသည်။

ထွန်း(နေပြည်တော်)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment