မန္တလေးတိုင်း NLD မှ ကွင်းဆင်းစစ်ဆေးရာ မဲစာရင်းပိုလျှံမှု အများအပြား တွေ့ရှိရဟုဆို


 မန္တလေးတိုင်းNLD ပါတီ၊ မဲစာရင်းစီစစ်ရေးအဖွဲ့များက အောက်တိုဘာ ၁၄ ရက်မှစ၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ မဲပေးခွင့်ရှိသူစာရင်း ပိုလျှံမှုများတွေ့ရသဖြင့် လာမည့်ရွှေးကောက်ပွဲ တရားမျှတမှုကို စောင့်ကြည့်ရမည့် အနေအထားဖြစ်သည်ဟု မန္တလေးတိုင်း NLD ဥက္ကဌ ဦးတင်ထွဋ်ဦးက အောက်တိုဘာ ၂၈ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“တွေ့ရှိချက်တွေအရ မဲစာရင်းဖောင်းပွနေတာ ရာခိုင်နှုန်းများနေတယ်။ထိုက်သင့်တဲ့လွဲတာမှားတာဆိုရင် အကြောင်းမဟုတ်ဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ စောင့်ကြည့်ရမယ့်အနေအထားပဲ။ တကယ် ကွင်းဆင်းကောက်ယူတဲ့ ကိန်းဂဏန်းနဲ့ အချက်အလက်တွေအရ စဉ်းစားဖို့လိုလာပြီ”ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ မဲစာရင်းများပိုလျှံနေမှုကို သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်၍ စနစ်တကျကောက်ယူခဲ့ခြင်းဖြစ်ပြီး အခြားမြို့နယ်များတွင်လည်း မဲစာရင်းကွဲလွဲမှုများ ရှိနိုင်သည်ဟု ဆိုသည်။

“မဲစာရင်းက ပထမဆုံးမှာ သိန်းလေးဆယ်ကျော်ကနေ ဒုတိယ အကြိမ် စက်တင်ဘာလထဲမှာ ၄၂သိန်းကျော်ရှိလာပြီး နောက်ဆုံးစာရင်းအရ ပုံစံ-၃(က)နဲ့ တိုးလာတာက တသိန်းခွဲပတ်ဝန်းကျင်ဆိုတော့ ၄၄ သိန်း လောက်ရောက်သွားတယ်”ဟု တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်ထွဋ်ကပြောသည်။

တိုင်း NLD မှ မဟာအောင်မြေမြို့နယ်၊ ရပ်ကွက် ၂၁ ရပ်ကွက်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည့် စာရင်းများအရ မဲဆန္ဒရှင်ဦးရေမှာ ၈၇၂၅ ဦးသာ ရှိသော်လည်း ကော်မရှင်မှကြေညာသည့်မဲဆန္ဒရှင် (၁၃၉၇၃) ဦးဖြစ်၍ အပိုမဲဆန္ဒရှင် ၅၂၄၈ ဦးရှိသဖြင့် မဲပိုရာခိုင်နှုန်း ၃၇ ဒသမ ၆ % ရှိကြောင်း NLD မှ ထုတ်ပြန်သည့် စာရင်းတွင် ဖေါ်ပြထားသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment