လူ​သတ်​ဖို့​အ​တွက် ​ပါလ်​မိုင်​ယာ ​တိုင်​လုံး​တွေ​ကို IS ​ဖောက်​ခွဲ


ပါလ်​မိုင်​ရာ ​မြို့​ဟောင်း ​ဖျက်​ဆီး​မှု​ကို ​စစ်​ရာ​ဇ​ဝတ်​မှု ​အ​ဖြစ် ​ယူ​နက်​စ​ကို ​ရှုံ့​ချ။
ဆီး​ရီး​ယား ​နိုင်​ငံ​ရဲ့ ​သ​မိုင်း​ဝင် ​မြို့​ဟောင်း ​ပါလ်​မိုင်​ယာ​ကို ​သိမ်း​ပိုက်​ထား​တဲ့ IS ​အ​စ္စ​လာ​မ္မစ် ​နိုင်​ငံ​အ​ဖွဲ့ ​စစ်​သွေး​ကွှေ​တွ​က ​သူ​တို့ ​ဖမ်း​ဆီး​ထား​တဲ့ ​လူ ၃ ​ယောက်​ကို ​မြို့​ဟောင်း​မှာ ​ရှိ​တဲ့ ​တိုင်​လုံး​ကြီး​တွေ​မှာ ​ချည်​နှောင်​ပြီး ​ဖောက်​ခွဲ ​သတ်​ဖြတ် ​ခဲ့​ကြ​တယ်​လို့ ​အ​ခွင့်​အ​ရေး ​လှုပ်​ရှား​သူ​တွေ​က ​ပြော​ပါ​တယ်။

တ​န​င်္ဂ​နွေ​က ​သတ်​ဖြတ် ​ခံ​ခဲ့​ကြ​ရ​တဲ့ ​အဲ​ဒီ ​လူ ၃ ​ဦး​ဟာ ​ဘယ်​သူ ​ဘယ်​ဝါ​တွေ ​ဖြစ်​တယ် ​ဆို​တာ​ကို​တော့ ​မ​သိ​ရ ​သေး​ပါ​ဘူး။

ဒါ​ပေ​မယ့် ​အ​ခု​လို ​တိုင်​လုံး​တွေ​မှာ ​ချည်​နှောင်​ပြီး ​ဖောက်​ခွဲ​တဲ့ ​ပုံ​စံ​နဲ့ ​အ​သတ်​ခံ​ရ ​တာ​က​တော့ ​ပါလ်​မိုင်​ယာ ​မြို့​ဟောင်း​ကို IS ​တွေ ​သိမ်း​ပိုက်​ခဲ့​တဲ့ ​မေ​လ ​နောက်​ပိုင်း​မှာ ​သူ​တို့ ၃ ​ဦး​က ​ပ​ထ​မ​ဆုံး ​ဖြစ်​လိမ့်​မယ်​လို့ ​ယူ​ဆ ​ရ​ပါ​တယ်။

က​မ္ဘာ့ ​ရှေး​ဟောင်း ​ယဉ်​ကျေး​မှု ​အ​မွေ​အ​နှစ် ​စာ​ရင်း​ဝင်၊ ​နှစ် ၂ ​ထောင် ​သက်​တမ်း​ရှိ​တဲ့ ​အဲ​ဒီ ​ပါလ်​မိုင်​ယာ ​မြို့​ဟောင်း​က ​အ​ထင်​က​ရ ​နေ​ရာ​တွေ ​ဖြစ်​တဲ့ ​မီး​သ​င်္ဂြိုဟ်​တဲ့ ​မျှော်​စင်​တွေ​နဲ့ ​အ​မိုး​ခုံး ၁ ​ခု​ကို​လည်း IS ​တွေ​က ​ဖျက်​ဆီး ​ခဲ့​ကြ​ပြီး ​ဖြစ်​ပါ​တယ်။

ကု​လ​သ​မ​ဂ္ဂ​ရဲ့ ​ယူ​နက်​စ​ကို ​အ​ဖွဲ့​က​တော့ ​မြို့​ဟောင်း ​အ​ဆောက်​အ​အုံ​တွေ ​ဖျက်​ဆီး​မှု​ကို ​စစ်​ရာ​ဇ​ဝတ်​မှု ​အ​ဖြစ် ​ရှုံ့​ချ ​ခဲ့​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment