|  | 
| Photo - (ဗလီကြီးဆောက်လုပ်ခွင့်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်အဖြေကို စောင့်ဆိုင်းခဲ့ကြသော လူအုပ်ကြီး - BBC) | 
ယင်းဗလီဆောက်လုပ်ရေးစီမံချက်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ချမှတ်ထားခဲ့ပြီး ကန့်ကွက် ဆန္ဒပြမှုများ၊ ဥပဒေကြောင်းအရ အငြင်းပွားမှုများ၊ ခြိမ်းခြောက်မှုများဖြင့် ပြဿနာရှုပ်ထွေးခဲ့ရသည်။ ၂၀၁၂ ခုနှစ်ကတည်းကပင် Newham ဒေသ၏ကောင်စီက ယင်းဗလီမှာ အလွန်ကြီးမားလှပြီး လူမျိုး ပေါင်းစုံနေထိုင်ရာအရပ်ဒေသအတွက် အန္တရာယ်ဖြစ်နိုင်သည်ဟုဆိုကာ ပယ်ချခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း တက်ပ်လီဂီဂျမ္မက် မွတ်စလင်အဖွဲ့က တရားရုံးကို အယူခံ တက်ခဲ့သည်။ ဗြိတိန်အစိုးရ အဖွဲ့ကလည်း ယင်းကိစ္စကို အလေးအနက်ထား၍ စဉ်းစားခဲ့သည်။ ယနေ့အချိန်တွင်မူ ဗြိတိန်ကွန်မြူနီတီ ၀န်ကြီးဂျော့ကလတ်က ယင်းစီမံချက်ကို ပိတ်ပင်တားဆီးရန် ဆုံးဖြတ်ချက် ချခဲ့သည်။
အဆိုပါ မွတ်စလင်အဖွဲ့သည် ယင်းနေရာတွင် လူ ၂၅၀၀ ၀တ်ပြုနိုင်သော ဗလီအဆောက် အဦတခုကို တည်ဆောက်ထားသည်။ ယင်းနေရာမှာ ယခင်က ဓာတုဗေဒစက်ရုံနေရာ ဖြစ်ခဲ့သည်။ မူလကမူ ၎င်းနေရာတွင် လူ ၄၀၀၀၀ ၀တ်ပြုနိုင်သောဗလီ တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း ကန့်ကွက်ဆန္ဒပြမှုများကြောင့် ယာယီဗလီ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ခွင့်ပြုချက်မရဘဲ ဗလီဆောက်လုပ်မှုကြောင့် ဗြိတိန်တရားရုံးချုပ်က ယင်းဗလီကို ပိတ်ပစ်ရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း ဗလီကို ဖျက်သိမ်းခြင်း မရှိခဲ့ချေ။
တက်ပ်လီဂီဂျမ္မက်အုပ်စုသည် ရှေးရိုးစွဲအယူသီးအုပ်စုတစုဖြစ်ပြီး မွတ်စလင်များကို အခြား မွတ်စလင်ဘာသာ ၀င်မဟုတ်သူများနှင့် ပေါင်းသင်းဆက်ဆံမှု မရှိစေရန် တားမြစ်ထားသည်။ လက်ရှိ ၎င်းတို့ ဌာနချုပ်မှာ အနောက် ယော့ရှိုင်းယားရှိ Dewsbury တွင်ရှိပြီး မွတ်စလင်ကျောင်း တကျောင်းဖွင့်ထားသည်။ ယင်းကျောင်းမှ ကျောင်းသားများကို ရုပ်မြင်သံကြားကြည့်ရှုခြင်း၊ ဂီတသီဆိုတီးမှုတ်ခြင်းမပြုရန် တားမြစ်ထားသည်။ ဗြိတိန်နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုမျိုးစုံ ကျုးလွန်သူများမှာလည်း ၎င်းအုပ်စုနှင့် ဆက်စပ်မှုရှိနေသည်ကို တွေ့ရသည်။
ထွဋ်ဝင်းထွဋ်
Ref ; The Telegraph
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
 
0 comments:
Post a Comment