ဓါးခုတ်ခံရတဲ့ NLD ကိုယ်စားလှယ်လောင်းခွဲစိတ်မူ့ အောင်မြင်


ဓာတ်ပုံ (Naing Ngan Lin ဖေ့စ်ဘွတ်)
 သာကေတမြို့ နယ်မှာ ကြာသာပတေးနေ့ ညက ဓါးခုတ်ခံရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ( NLD ) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ကိုနိုင်ငံလင်း ကို အောက်တိုဘာလ ၃၀ ရက်နံနက် ၂ နာရီခွဲ့ ခန့် မှာ အောင်မြင်စွာ ခွဲ စိတ် နိုင်ခဲ့တယ် လို့ ခွဲ စိတ်ရာမှာပါဝင်ခဲ့တဲ့ ခွဲစိတ်အထူးကုဆရာ ၀န်ကြီး ဒေါက်တာ တင်မျိုးဝင်းကဘီဘီစီကိုပြောပါတယ်။

" အသက်အန္တရာယ်လုံးဝ မရှိပါဘူး အခြေအနေကောင်းပါတယ် နဖူးမှာထိတဲဟာက တကယ်လို့ ဦးနှောက်ထဲမှာ တခု ခုဖြစ်တယ်ဆိုရင် သတိထားရတယ်လေ ပြောချင်တာက ဦးနှောက်ထဲမှာသွေးယိုတာတို ဘာတို့ မရှိဘူးပေါ့ နောက်တစ်ခုက သွေးထွက်လွန်တာတို့ အရေးကြီးတဲ့အင်္ဂါရပ်တွေပြတ်သွားတာတို့ အဲဒါတွေဆရာတို့ မတွေ့  ဘူးပေါ့ ဒါကြောင့်အသက်အန္တရာယ်နဲ့ ကင်းလွတ်တယ်လို့ ပြောလို့ ရတာပေါ့ " လို့ ဒေါက်တာတင်မျိုးဝင်းကပြောပါတယ်။

ကိုနိုင်ငံလင်း ဟာသာကေတမြို့ နယ်ထဲမဲဆွယ်စည်းရုံးရေးဆင်းနေချိန်မှာ ဓါးခုတ်ခံရပြီး နဖူးဦးခေါင်းနဲ့ လက်နှစ်ဖက်မှာ ဓါတ်ရာရရှိခဲ့တာဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment