တောင်ဆူဒန်တွင် ရုရှားလေယာဉ်ပျက်ကျ၊ လူ ၄၁ ဦးသေဆုံး


 ဂျူဘား နိုဝင်ဘာ ၎

 ခရီးသည်များစီးနင်းလိုက်ပါ လာ သော ရုရှားနိုင်ငံလုပ် ကုန်တင် လေယာဉ်သည် ဗုဒ္ဓဟူးနေ့က တောင် ဆူဒန်မြို့တော် လေဆိပ်မှ ထွက်ခွာ လာပြီးနောက် မတော်တဆပျက်ကျ ခဲ့ရာ လေယာဉ်ပေါ်ရှိ ခရီးသည်များ နှင့် မြေပြင်ရှိ ဒေသခံများအပါအဝင် စုစုပေါင်း ၄၁ ဦး သေဆုံးခဲ့သည်ဟု ဌာနဆိုင်ရာများနှင့် မျက်မြင်တွေ့ရှိ သူများက ပြောသည်။

လေယာဉ်အမှုထမ်းတစ်ဦးနှင့် ကလေးငယ်တစ်ဦးသာလျှင် အသက် ရှင်လွတ်မြောက်ခဲ့သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အက်တနီဝက်စ် က ရိုက်တာသို့ ပြောကြားခဲ့သည်။

ဂျူဘားလေဆိပ်မှ ပျံသန်း ထွက်ခွာလာပြီးနောက် မကြာမီ နိုင်းမြစ်ကမ်းပါးပေါ်အရောက်တွင် လေယာဉ်စက်ချွတ်ယွင်းခဲ့ခြင်း ဖြစ် သည်။

လေယာဉ်အမှုထမ်းအပါ အဝင် ခရီးသည် ၂ဝ ခန့် လိုက်ပါလာ သည်ဟု ခန့်မှန်းရကြောင်း အက်တနီ က ဆိုသည်။

လေယာဉ်ပေါ်တွင် ရုရှားနိုင်ငံ သားလေယာဉ်အမှုထမ်း ငါးဦးနှင့် ရုရှားနိုင်ငံသား ခရီးသည်ခုနစ်ဦးတို့ လိုက်ပါလာကြောင်း တောင်ဆူဒန် သတင်းမီဒီယာက အစောပိုင်းက ဖော်ပြခဲ့သည်။

''ငါးဖမ်းသမားတွေ အလုပ်လုပ် နေတဲ့နေရာအနီးမှာ အန်တိုနော့ဗ် လေယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး မြေ ပြင်ပေါ်မှာရှိနေတဲ့လူတွေ သေဆုံး ခဲ့ပါတယ်။ အရေအတွက်ကတော့ အတိအကျမသိရသေးပါဘူး'' ဟု အက်တနီက ပြောခဲ့သည်။

သေဆုံးသူအရေအတွက် မြင့် တက်လာနိုင်ကြောင်း အမည်မဖော် လိုသူ အရာရှိတစ်ဦးက ပြောကြားခဲ့ သည်။ (ရိုက်တာ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment