![]() |
တိမ်းမှောက်သွားသည့်ဆိုင်ကယ်အား ဒီးမော့ဆိုမြို့နယ် ရဲစခန်းတွင် မြင်တွေ့ရစဉ်။ |
ဒီးမော့ဆို-လွိုင်ကော် ကားလမ်းဘေးရှိ မိုင်တိုင်အမှတ် (၁၂၀/၇)နှင့်(၁၂၀/၈)အကြားတွင် လူသူများမသိဘဲ ဆိုင်ကယ်တစ်စီး ငွေတောင်ဆည်ဘောင်အောက် ရေလွှတ်ပေါက်မြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံများ၏ သတင်းများအရ ဒီးမော့ဆိုမြို့မရဲစခန်းမှ တာဝန်ရှိသူများက သက်သေများဖြင့် သွားရောက် စစ်ဆေးခဲ့ရာတွင် သေဆုံးသူမှာ အသက်(၂၇)နှစ်ခန့် (အမည်စုံစမ်းဆဲ)အမျိုးသားတစ်ဦးဖြစ်ပြီး ဆိုင်ကယ်နှင့် အတူလူပါ ရေလွှတ်မြောင်းထဲသို့ ပြုတ်ကျခဲ့တာဖြစ်ပြီးစစ်ဆေးချက်အရ သေဆုံးသူတွင်လတ်တလော ပြင်ပဒဏ်ရာမတွေ့ရှိဘဲ ရေနစ်၍သေဆုံးနေကြောင်း သိရသည်။
လက်ရှိတွင်သေဆုံးသူ အလောင်းအား ရဲဆေးစာဖြင့် ဒီးမော့ဆိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒီးမော့ဆိုမြို့မ ရဲစခန်းမှ ယဉ်(ပ)၈/၂၀၁၅၊ ပစ်မှုပုဒ်မ -၃၀၄-က ဖြင့်အမှုဖွင့်ပြီး ဒုရဲအုပ်မောင်မောင်စိုးမှ စစ်ဆေးလျှက်ရှိကြောင်းသိရသည်။
လွန်ခဲ့သည့် နှစ်လတွင်လည်း ငွေတောင်ဆည် တာဘောင်လမ်းတည်ဆောက်ထားသည့် လမ်းအသစ်တွင် ဆိုင်ကယ်ချင်းမျက်နှာချင်းဆိုင်တိုက်မိရာမှ ဆိုလျားကူးကျေးရွာသားတစ်ဦးနှင့် လွိုင်ကော်ဘက်မှ ဈေးသည်တစ်ဦး သေဆုံးသွားရသည့် အမှုဖြစ်ပွားခဲ့သည်။
ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
0 comments:
Post a Comment