အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် သာကေတမြို့နယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် NLD ပါတီ ကိုယ်စာလှယ်လောင်း ဦးနိုင်ငံလင်းသည် နိုဝင်ဘာလ ၄ ရက်နေ့တွင်ပြုလုပ်မည့် သာကေတမြို့နယ် ဆိုက်ကား Campaign တွင် ပြန်လည် ပါဝင် မည်ဖြစ်ကြောင်း ဦးနှိုင်ငံလင်း က News Watch ဂျာနယ်သို့ ၎င်းကပြောသည်။
“လက်ရှိ ကျန်မားရေးကတော့ ကောင်းနေပါပြီ။ မနက်ဖြန်ဆင်းရမယ် အတော်ပဲ။ ဆင်းပြီးတာနဲ့ဆိုက်ကား Campaign လုပ်မယ်။ အကုန်လုံး မဲဆွယ်စည်းရုံးမှုက ၅ ရက်နေ့မှာ ရပ်နားရတော့မှာဆိုတော့ အခု မဲဆွယ်စည်းရုံးမှုက နောက်ဆုံး ဖြစ်မှာပါ။ ကျွန်တော် ဆိုက်ကား Campaign မှာ ပြန်ပါဝင်မှာဖြစ်ပါတယ်။” ဟု ဆိုသည်။
အဆိုပါ ဆိုက်ကားကမ်ပိန်းအား သာကေတမြို့နယ်တွင် နေ့လည် ၁၂ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး ဆိုက်ကား အစီးရေ နှစ်ရာခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်ကတော့ လွှတ်တော်ကိုယ်စာလှယ်လေ။ ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမှာလေနော်။ ကျွန်တော့်ကို လုံခြုံရေးကလေးတွေက ခေါ်သွားတော့ လိုက်သွားလို့ရတာပဲလေ။ ကျွန်တော်က ခုတ်တဲ့လူငယ်တွေ ကိုလည်း မနစ်နာစေချင်ဘူး။ ကိုယ်ဘက်က လူတွေကိုလည်း မနစ်နာစေချင်ဘူး။ ဒါကြောင့် သူ့ကို အတက်နိုင်ဆုံးတားမယ်ပေါ့နော်။ ပြောမယ်ဆိုမယ်ပေါ့။ သူ ဓါးနဲ့ခုတ်တဲ့အချိန်မှာ ၀င်ပြီးတော့ ခံလိုက်တဲ့သဘောပေါ့။ တကယ်တော့ အခြေအနေကိုကြည့်ရင်တော့ ကျွန်တော်က ကျေနပ်စရာပေါ့။ အများကြီး မနစ်နာဘူးပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဓါးရှည်တချောင်းနဲ့ ခုတ်တယ်ဆိုတာ အနည်းဆုံး သုံး၊လေးယောက်လောက်တော့ သွားမှာပဲလေ။ အခုကတော့ ဘယ်သူမှတော့ မနစ်နာဘူး။ ခုတ်တဲ့ သူလဲမနစ်နာဘူး။ ဒီဘက်လည်း မနစ်နာဘူးဆိုတော့ ကျွန်တော် ကျေနပ်တယ်။ ဒါပဲပြောချင်ေတယ်။”ဟု ဦးနှိုင်ငံလင်းကဆိုသည်။
NLD ပါတီ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်လောင်း ဦးနိုင်ငံလင်းနှင့်အဖွဲ့သည် မဲဆွယ်စည်းရုံးမှု ဆင်းနေချိန်တွင် အောက်တိုဘာ ၂၉ ရက် ည ၉ နာရီခန့်၌ သာကေတမြို့နယ်ရှိ လူငယ်တစုက ဓါးရှည်များဖြင့် ၀င်ခုတ်ခဲ့ခြင်းကြောင့် ဦးနိုင်ငံလင်းတွင် နဖူး၊ လက်ဝဲ၊ လက်ယာတို့တွင် ပြက်ရှဒဏ်ရာများရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ရခြင်းဖြစ်ပြီး လက်ရှိ နိုဝင်ဘာ ၃ ရက်နေ့တွင် ဦးနိုင်ငံလင်း၏ ကျန်းမာရေး အခြေအနေမှာ ပြန်လည်ကောင်းမွန်လာသည့်အတွက် နိုဝင်ဘာ ၄ ရက်နေ့တွင် စည်းရုံးရေး ပြန်ဆင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်၍ ကျူးလွန်ခဲ့သူများအနက်အား သုံးဦးအား ဖမ်းဆီးရရှိမိခဲ့ပြီး အမှုကို ရွေးကောက်ပွဲပြီးမှ ဆက်လက် စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
0 comments:
Post a Comment