ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသြဇာ အထွဋ်အထိပ်သို့ ရောက်ရှိပြီလား


 နိုဝင်ဘာ ၈ ရက် ပြည်လုံးကျွှတ် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် နိုင်ငံ အတွင်း ပြည်သူအပေါ် သြဇာတိက္ကမ အကြီးဆုံး နိုင်ငံရေးခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူထောက်ခံမှုနှင့် နိုင်ငံရေးသြဇာမှာ နေ့စဉ် ဆတိုး မြင့်တက်လျက် ရှိသည်။

လာမည့် ရွေးကောက်ပွဲမှာ မြန်မာ့သမိုင်းတွင် ပူးပေါင်းပါဝင်မှု အများဆုံးဖြစ်ဖွယ် ရှိပြီး နိုင်ငံ၏ အကြီးမားဆုံး အတိုက်အခံ နိုင်ငံရေး အင်အားစုဖြစ်သော NLD ပါတီသည် ၁၉၉၀ နောက်ပိုင်းတွင် ပထမဆုံး အကြိမ် အဖြစ် အင်တိုက်အားတိုက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၀င်ရောက် ယှဉ်ပြိုင်မှု ဖြစ်သည်။

NLD ၏ မဲဆွယ်လှုပ်ရှားမှုများမဲဆွယ်လှုပ်ရှားမှုများတွင် NLD ကို ထိပ်ဆုံး၌ ရှိနေစေရန် ဆောင်ရွက် ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မဟာဗျူဟာမှာ နိုင်ငံရေးအရ ထိရောက်မှုရှိကြောင်း တွေ့ရသည်။ တိုင်းရင်းသား လူမျိုးများ အဓိကနေထိုင်ရာ ဒေသများတွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ခရီးစဉ်များမှာ လှိုက်လှိုက်လှဲလှဲ အားပေးခံရသည်။

အာဏာရ ကြံ့ခိုင်ရေးပါတီက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) မှတစ်ဆင့် တိုင်းရင်းသားဒေသများတွင် မဲဆွယ်နိုင် ရန် ကြိုးစား ခဲ့သော်လည်း မျှော်လင့်ထားသည့် ရလဒ် မရရှိခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအတွက် ယုံကြည်ချက် အပြည့်ဖြင့် ဟောပြောမဲဆွယ်ရာတွင် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းကို မကြည့်ဘဲ ပါတီကိုကြည့်၍ မဲပေးရန် တောင်းဆိုခဲ့သည်။ NLD ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ထင်ပေါ်ကျော်ကြားသူ အချို့ကို ချန်လှစ်ထားခဲ့သဖြင့် အစောပိုင်းတွင် အံ့သြခဲ့ကြသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ အခြေခံဥပဒေအရ သမ္မတဖြစ် ခွင့် မရှိသော်လည်း ပါတီတွင် သူ၏ နေရာဆက်ခံမည့်သူ အမည်ကို ထုတ်ဖော် ပြောကြားခြင်းမရှိပေ။ ထို ဆောင်ရွက်မှုမှာ အာဏာရပါတီ၏ ထိုးနှက် ယှဉ်ပြိုင် လာခြင်းကို တားဆီးရန် ဒေါ်အောင်ဆန်းစုကြည် ၏ ဆောင်ရွက်မှု တစ်ခု အဖြစ် ယခုအခါတွင် ရှုမြင်နေကြပြီဖြစ်သည်။

“သူမက ဘာကြောင့် ဒီလို (ပြန်လမ်းမရှိ) ဖောင်ဖျက်လုပ်ရတာလဲ။ NLD ကို ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်အောင် ဦးဆောင်နိုင်မယ်လို့ သူက ယုံကြည်ထားပါတယ်။ NLD ကို ရွေးကောက်ပွဲမှာ တောင်ပြို ကမ်းပြို နိုင်အောင် ဦးဆောင်နိုင်မယ်လို့ သူက ယုံကြည်ထားပါတယ်။ သူမ၏ ထင်ပေါ်ကျော်ကြားလှသည့် ပုဂ္ဂိုလ်ရေး ရပ်တည်ချက်နဲ့ အောင်မြင်မှု ရယူနိုင်မယ်လို့ ယူဆထားပါတယ်” ဟု မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဦးမင်းဇင်က ပြောကြားသည်။

အကယ်၍ NLD ပါတီမှ သမ္မတလောင်းအဖြစ် လျာထားသူစာရင်းကို ထုတ်ပြန် ခဲ့ပါကလည်း အဆိုပါသူများအား ပုဂ္ဂိုလ်ရေး စီးပွားရေး လူမူရေး ကိစ္စများ အားလုံးကို အာဏာရပါတီမှ တူးဖော်ထိုးနှက်ပြီး ကောလဟလ သတင်းများ အွန်လိုင်းပေါ်တွင် လွှင့်တင်မည်မှာ မြေကြီးလက်ခတ်မလွဲဟု NLD ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး က ပြောကြား ခဲ့သည်။

NLD ရွေးကောက်ပွဲ အနိုင်ရပါက အစိုးရသစ်ကို သူသာ ဦးဆောင် မည် ဟု ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ၀ါရင့် မီဒီယာသမား ကာရန်သာပါနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြေကြားသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် လူ့အဖွဲ့အစည်း များနှင့် နိုင်ငံရေး အဖွဲ့အစည်းများကြား ထိခိုက်အငြင်းပွားမှုများ မဖြစ်စေ ဘဲ ဆွေးနွေး ညှိနှိုင်းမှုကို အသုံးပြုကာ နိုင်ငံအတွက် လိုအပ်နေသော အစိုးရနှင့် နိုင်ငံရေး အပြောင်းအလဲကို ဖော်ဆောင်မည့် ထက်မြတ်သော နိုင်ငံရေးသမား အဖြစ် ပုံပေါ် လာခဲ့သည်။

ရွေးကောက်ပွဲ မတိုင်ခင် တိုင်းရင်းသားမိတ်ဖက်ပါတီများနှင့် တရားဝင် မဟာမိတ် မကြေငှာခြင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေး ပရိယာယ် ကြွယ်ဝမှု တစ်ရပ်ဖြစ်သည်။ ယခုပင်လျှင် တပ်မတော်က တိုင်းရင်းသားဒေသအချို့ တွင် ထိုးစစ်ဆင် စခန်းသိမ်းမှုများ ပြုလုပ်နေ သကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲ မကျင်းပနိုင် သည့် ဒေသစာရင်းကို ထပ်တိုး ထုတ်ပြန်လျက်ရှိသည်။

ထို့ပြင် NLD ပါတီသည်လျှင်ပင် ကချင်ပြည်နယ်တွင် အစိုးရ၏ လက်ကိုင်တုတ် ပြည်သူ့စစ်ခေါင်းဆောင်များမှ ၄င်းတို့ ဒေသတွင် မဲဆွယ်ခြင်း မပြုရန် လက်နက်ဖြင့် ခြိမ်းခြောက် ဖိအားပေးမှုများ ရှိနေသည်။

ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး ကျဆုံးခဲ့သည်မှာ နှစ် ၇၀ ကျော် ကြာခဲ့ပြီဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု အမွေမှာ လျော့နည်းသွားခြင်း မရှိသေးပေ။ ပြင်းထန်သော ပြိုင်ဆိုင်မှု များကို နိုင်ငံရေး အမြော်အမြင် ကြီးစွာ တည်ငြိမ်စွာ တုံ့ပြန်ခဲ့ခြင်း၊ ဒီမိုကရေစီ၏ အခြေခံ ရပ်တည်ချက်များက သွေဖယ် မသွားခြင်း တို့က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ၏ အလွှမ်းမိုးနိုင်ဆုံး နိုင်ငံရေး သမား ဖြစ်စေခဲ့သည်။

ယခုအခါ အငြိမ်းစားယူပြီး ဘာသာရေးကိုသာ လုပ်ကိုင်လျက်ရှိသော နအဖအစိုးရအဖွဲ့ဟောင်းတစ်ဦးက "ဒီ ၅ နှစ်စာမှာ (ဦး)သိန်းစိန်ရော၊ (ဦး)ရွှေမန်းရော အရှုံးကြီး ရှုံးတယ်လေ။ သူတို့ တွက်ချက်တာတွေက NLD ခေါင်းဆောင်လောက် ကျွမ်းကျင်မှု မရှိဘူး" ဟု ဆိုသည်။

မကြာမီရက်ပိုင်းအတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် NLD သည် ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ အပြတ်အသတ် အနိုင်ရလျှင် လွှတ်တော် တွင် နေရာ အများစု အနိုင်ရကာ အစိုးရသစ်အတွက် အရေးပါသည့် နိုင်ငံရေးအင်အားစု ဖြစ်လာမည်ကို ထင်သာမြင်သာ တွေ့မြင်ရသည်။

ထိုသို့ဆိုလျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး သြဇာသက်ရောက်မှုသည် အမြင့်ဆုံးသို့ ရောက်ရှိရန် တစ်ထစ်သာ လိုတော့သည်ဟု သုံးသပ်ရမည် ဖြစ်သည်။

မောင်နိုး
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment