ပုကလိက မီဒီယာသတင်းဌာန မှ ရေးသားပြီး လူမှုကွန်ယက် စာမျက်နှာတွင် ပျံ့နှံ့လာသည့် သူရ ဦးရွှေမန်း အား ပြည်ခိုင်ဖြိုး ပါတီ မှ အပြီးအပိုင် ထုတ်ပယ် လိုက်သည် ဆိုသော သတင်းမှာ လုံးဝ မဟုတ်မမှန် ကြောင်းပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် မှ ပြည်သူ့ဆက်ဆံရေး ဌာန ဌာနမှူး ဦးကျော်သူရ က News Watch ဂျာနယ်သို့ အတည်ပြုပြောကြားသည်။
“ကောလ ဟာလပါ အစ်ကိုတောင် စောစောက မီဒီယာတွေကို ဖြေပြီးပြီ အဲ့ဒါ ကောလဟာလ သာဖြစ်ပါတယ်။အဲ့ဒီလို ကိစ္စရှိလာပြီဆို တရားဝင် ၀ိုက်ဆိုက်တွေမှာ သူ့ဟာနဲ့ သူ တင်ပေးမှာပါ။အခုကတော့ နိုဝင်ဘာ ၈ ရက်နီးလာပြီးဖြစ်တဲ့အတွက်အားလုံးနယ်မြေတွေဆင်းပြီးအလုပ်လုပ်နေကြပါတယ်။မနက်ကထွက်လာတဲ့ သတင်းက ကောလဟာလပါ။ လုံးဝ မဟုတ်ပါဘူး။” ဟု ဌာနမှူး ဦးကျော်သူရ ကဆိုသည်။
အဆိုပါ ပျံ့နှံ့လာသည့် သတင်းတွင် ပြည်ခိုင်ဖြိုးပါတီတွင် မကြာသေးမီက ပူးတွဲ ဥက္ကဠ တာဝန်ကနေ ဖယ်ရှားခံထားရသည့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း အား ယနေ့ တွင် ပါတီ မှ အပြီးတိုင်ထုတ်ပယ်လိုက်ပြီး ဖြစ်ကြောင်း ဖော်ပြရေးသားထားသည်။
“ပါတီက ထုတ်ပယ်တာ မဟုတ်တဲ့အတွက် သူက နဂို ရှိပြီးသား ရာထူးနဲ့ပဲ ပါတီမှာ ဆက်ရှိနေမှာပါ။ ” ဟု ဌာနမှူး ဦးကျော်သူရ ကဆိုသည်။
အဆိုပါ သတင်းတွင် နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းပြုလုပ်သည့် ပြည်ခိုင်ဖြိုး ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက် အရ ပြည်ခိုင်ဖြိုး ပါတီအား ရွေးကောက်ပွဲတွင်အကြီးအကျယ်ရှုံးနိမ့်မည်ဟု ပြောဆိုထားရှိသည့်အတွက် ယင်းကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြပါရှိသည်။
နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
0 comments:
Post a Comment