တောင်တရုတ်ပင်လယ်ပြင်မှာ အမေရိကန် စစ်သင်္ဘောတစ်စင်း ဖြတ်သန်းတဲ့အတွက် တရုတ်နိုင်ငံက ဝေဖန်လိုက်ပြီးနောက် အမေရိကန်က နိုင်ငံတကာ ဥပဒေအရ သွားလို့ရတဲ့ နေရာကို ဆက်သွားမယ်လို့ တုန့်ပြန်လိုက်ပါတယ်။
အရင်တစ်ပါတ်တုန်းကပဲ အမေရိကန် စစ်သင်္ဘောတစ်စင်းဟာ တရုတ်နိုင်ငံက တည်ဆောက်နေတဲ့ ကျွန်းတု တစ်ခုနားအထိသွားပြီး တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်က လွှမ်းမိုးနေတဲ့အပေါ် ဆန်ကျင့်ကြောင်း ပြသခဲ့ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာမှာ တရုတ်က ကျွန်းတု တစ်ခု တည်ဆောက်နေတာ ဖြစ်ပါတယ်။
အမေရိကန် စစ်သင်္ဘောဖြတ်သန်းသွားတာကို မကျေနပ်လို့ တရုတ်အစိုးရက အမေရိကန် သံအမတ်ကို ဆင့်ခေါ်တဲ့အထိ မကျေနပ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အမေရိကန် စစ်ဗိုလ် Harry Harris ကတော့ နိုင်ငံတကာ ပင်လယ်ပြင်နဲ့ နိုင်ငံတကာ ဝေဟင်ကို လူတိုင်းက ပိုင်ဆိုင်တာ ဖြစ်တဲ့အတွက် နိုင်ငံတကာ ဥပဒေက ခွင့်ပြုထားတဲ့ ဘယ်နေရာမှာမဆို အမေရိကန်က ဆက်လက်သွားလာနေဦးမယ်လို့ ပြောသွားခဲ့ပါတယ်။
အမေရိကန်ရဲ့ လုပ်ရပ်ကို ဖိလစ်ပိုင်နိုင်ငံက ထောက်ခံခဲ့ပြီး အမေရိကန်က ဥပဒေအတိုင်း လုပ်ဆောင်တာ ဖြစ်တယ်လို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment