အရက်ကြောင်ကာ မိမိကိုယ်ကို ဓါးဖြင့် လည်ပင်အား လှီး၍ သေဆုံး


 တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ( ပါလျှံ(၂) )အေးချမ်းစေဘုန်းကြီးကျောင်းတွင် နေထိုင်သူတစ်ဦးသည် အရက်ကြောင်ကာ နိုဝင်ဘာ(၄)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်က မိမိကိုယ်ကို လည်ပင်းအား ဓါးဖြင့်လှီးကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


"ဘုန်းကြီးကျောင်းမှာ သားအဖ (၂)ယောက်နေတာ သူအရက် မသောက်ရတာ (၂)ရက်လောက်ရှိပြီလို့ ပြောတယ်၊ အရက်နဲ့ စိတ်ကြွဆေးပြားပေါင်းသောက်လို့ ကြောင်သွားတယ်လို့ သူများပြောတာဘဲ လည်ပင်းကို ဓါးနဲ့လှီးပြီး ဘုန်းကြီးကျောင်းထဲ ပတ်ပြေးနေသေးတာလို့ သိရတယ်၊ ပြီးတော့ သေသွားတာဘဲ.."ဟု တာချီလိတ် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးမှပြောသည်။


ရင်ခွဲရုံတွင် ဆရာဝန်စစ်ဆေးချက်အရ လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ဖြင့် သွေးလွန်ကာ သေဆုံးခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။


သေဆုံးသူမှာ ဦးအားဖါဖြစ်ပြီး မိုင်းကိုးကျေးရွာ၊ ရန်နိုင်အုပ်စု၊ လောစန်းရွာမှ ရွာသားတစ်ဦးဖြစ်ကြောင်း အသက်(၅၀)ခန့်ဖြစ်ပြီး အာခါလူမျိုးဖြစ်ကြောင်း၊ အလောင်းအား ရင်ခွဲရုံတွင် ထားရှိကြောင်း သိရသည်။


"ဒီဒေသမှာ မူးယစ်ဆေးဝါးက အလွယ်တကူရနေတော့ ဖြစ်မှာဘဲလေ၊ သက်ဆိုင်ရာက ဖမ်းတော့ ဖမ်းတာဘဲ နယ်စပ်ဆိုတော့ ပြဿနာတစ်နေ့တစ်မျိုး မရိုးနိုင်ဘူး.."ဟု ဒေသခံတစ်ဦးမှပြောသည်။

၎င်းအမှုအား တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။.

ဓါတ်ပုံ။  ။ တာချီလိတ်နာရေးကူညီမှုအသင်း
Tachileik News Agency
http://www.tachileik.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment