လိင်ဖျော်ဖြေရေး အမျိုးသမီးကိစ္စ ဂျပန်နဲ့ တောင်ကိုရီုးယား ဆွေးနွေး



 ဒုတိယ ကမ္ဘာစစ်ကာလအတွင်း ဂျပန်ပြည့်တန်ဆာအိမ်တွေမှာ ကိုရီးယားအမျိုးသမီးတွေကို လိင်ဖျော်ဖြေသူတွေအဖြစ် အဓမ္မစေခိုင်းခဲ့မှုတွေနဲ့ ပတ်သက်ပြီး အမြန်ဆုံးဆွေးနွေး အဖြေရှာကြဖို့ ဂျပန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ သဘောတူလိုက်ကြပါတယ်။

တောင်ကိုရီးယားသမ္မတ Park Geun-hye နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ သုံးနှစ်အတွင်း ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့အပြီးမှာ အခုလို သဘောတူညီချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ် ကာလအတွင်းမှာ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တိုင်ဝမ်နဲ့ ကိုရီးယားနိုင်ငံက အများဆုံးပါဝင်တဲ့ အမျိုးသမီးအရေအတွက် ၂ သိန်း လောက်ဟာ လိင်ကျွန်အဖြစ် ဂျပန်တို့ရဲ့ အတင်းအဓမ္မ စေခိုင်းခံခဲ့ရတာ ဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ ခံစားခဲ့ရမှုတွေအတွက် ဂျပန်နိုင်ငံက ယခင် တောင်းပန်ခဲ့ပေမယ့် လိင်ကျွန်ပြုခံရသူ အမျိုးသမီးတွေအတွက် ပိုမိုအလေးထား တောင်းပန်ဖို့နဲ့ လျှော်ကြေးပေးဖို့အတွက် တောင်ကိုရီးယားနိုင်ငံက အလိုရှိနေတာ ဖြစ်ပါတယ်။

လိင်ကျွန်ပြုခံရသူ အမျိုးသမီးတွေရဲ့ အရေးကိစ္စဟာ တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်အောင် ကြိုးပမ်းမှုအပေါ် အဓိကအဟန့်အတား တစ်ခုဖြစ်နေတယ်လို့ တောင်ကိုရီးယား သမ္မတ မစ္စ Park က ပြောပါတယ်။

ဒီကိစ္စကို ကိုရီးယားပြည်သူတွေ လက်ခံနိုင်တဲ့ ကျေအေးမှု တစ်ခုရအောင် အမြန်ဖြေရှင်းရမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိနေတဲ့ မစ္စတာ Abe ကတော့ အနာဂတ် မျိုးဆက်တွေအတွက် နှစ်နိုင်ငံ အခက်အခဲတွေကို နောက်ချန်မထားသင့်ဘူးလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် နှစ်နိုင်ငံခေါင်းဆောင်တွေက ဘယ်လိုညှိနှိုင်းဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ အသေးစိပ်တွေကို ပြောကြားခဲ့ခြင်း မရှိပါဘူး။

တောင်ကိုရီးယားသမ္မတ Park Geun-hye ၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ၊ တရုတ်ဝန်ကြီးချုပ် Li Kequang တို့ဟာ လက်ရှိ ဖြစ်ပေါ် နေတဲ့ ပိုင်နက် အငြင်းပွားမှု ပြဿနာတွေ အပါအဝင် ၊ အတိတ် သမိုင်းတလျှောက် ရှိခဲ့ကြတဲ့ မကျေလည်မှုတွေ နဲ့ပတ်သက်ပြီး သုံးနိုင်ငံ ဆွေးနွေး သွားကြဖို့ ရှိနေပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment