တုံးမထုပဲ အမှန်ခြစ်နဲ့ပေးတဲ့ကြိုတင်မဲတွေပါယ်မဲဖြစ်မည်


 သက်ဆိုင်ရာ မဲဆန္ဒ နယ်တွေမှာ ကြိုတင်မဲ ပေးခွင့် ပြုထားပြီ ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တံဆိပ်တုံးနဲ့ မဟုတ်ပဲ ဘောပင်နဲ့ အမှန်ခြစ်ပေးတဲ့ ကြိုတင်မဲတွေက ပါယ်မဲသာ ဖြစ်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုက ပြောပါတယ်။

 ပြည်တွင်းမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ကြိုတင်မဲတွေကို အောက်တိုဘာ (၂၉) ရက်နေ့က စတင် ပေးအပ်နေတာဖြစ်ပြီး စတင်ပေးအပ်တဲ့ နယ်မြေအချို့မှာတော့  မဲပေးရမယ့်နေရာမှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့တံဆိပ်တုံးနဲ့မဟုတ်ပဲ ဘောပင်နဲ့ အမှန်ခြစ် ပေးခဲ့တဲ့ မဲတွေရှိနေတယ်လို့ သိရပါတယ်။

ပြည်ပရောက်နိုင်ငံသားတွေ ကြိုတင်မဲပေးရာမှာ တံဆိပ်တုံးမလိုအပ်ပဲ ဘောပင်နဲ့အမှန်ခြစ် ပေးနိုင်တာကို ပြည်တွင်းက မဲဆန္ဒနယ်တွေမှာ ကြိုတင်မဲပေးတာနဲ့ နားလည်မှုလွဲချော်ပြီး အခုလို ဖြစ်ရပ်တွေဖြစ်ပွားနေတာပါ။ ကြိုတင်မဲတွေကို ဘောပင်နဲ့အမှန်ခြစ်ပေးခဲ့သူတွေရဲ့မဲဟာ ပါယ်မဲဖြစ်သွားမှာဖြစ်သလို ဒီမှားယွင်းမှုအတွက် နောက်တစ်ကြိမ်မဲပေးခွင့်လည်းရမှာမဟုတ်ပါဘူး။

"မဲဆန္ဒရှင်တွေရဲ့ ဒီမှားယွင်းမှုတွေအတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာကော်မရှင်ခွဲ အဆင့်ဆင့်မှာ တာဝန်ရှိပါတယ်။ဒီလိုပေးတာ ပါယ်မဲဖြစ်သွားမယ်ဆိုတဲ့အကြောင့် အသိပညာပေးဖို့ သူတို့လုပ်ရမှာပါ။အခုလိုမှားယွင်းမဲပေးတာမျိုးက မှားယွင်းကြောင်းမပြောတဲ့ မဲရုံတွေရှိရင် တိုင်ကြားနိုင်ပါတယ်"လို့ ဦးကိုကိုကပြောပါတယ်။ပြည်တွင်းက သက်ဆိုင်ရာမဲဆနနယ်တွေအတွင်းကြိုတင်မဲပေးကာလကို အောက်တိုဘာ (၂၉) ရက်နေ့ကနေ နိုဝင်ဘာ (၇) ရက်နေ့အထိ သတ်မှတ်ခွင့်ပြုထားပါတယ်။

MRTV-4
http://www.mrtv4.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment