စက်ရုပ်များ သရုပ်ဆောင်ထားသည်ကို တွေ့မြင်ဖူးကြမည် ဖြစ်သော်လည်း မကြာမီပြသတော့မည့် ဂျပန်ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသော စက်ရုပ်သည် လူသားတစ်ဦးနှင့် အလွန်တူညီ နေသောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ယင်းစက်ရုပ်သည် အမျိုးသမီး ဇာတ်ဆောင်နေရာတွင် သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ စကား အဟြေအဆို၊ အမူအရာများ အားလုံးကို လုပ်ပြခဲ့ခြင်းကြောင့် ပထမဆုံး အမျိုးသမီး သရုပ်ဆောင်အဖြစ် သတ်မှတ်ခဲ့ကြသည်။
ဂျပန်နိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲပြီးနောက် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ရိုက်ကူးထားခြင်း ဖြစ်ပြီး ယင်းဇာတ်ကား ကိုဆာရိုယာနာဟု အမည်ပေးထားသည်။ ANDROID အမည်ကတော့ Geminoid F ဟု အမည်ပေးထားသည်။ စက်ရုပ်ကို သားရေစွပ်ပြီး အရေဟြးပုံစံ ဖန်တီးကာ မျက်နှာကို မိတ်ကပ်များ ခြယ်သပြီး အဓိက အမျိုးသမီး သရုပ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင် ခိုင်းခြင်းဖြစ်သည်။ သို့သော် စက်ရုပ်သည် လမ်းလျှောက်နိုင်ခြင်း မရှိဘဲ ၀ှီးချဲနှင့်လည်းကောင်း၊ ထိုင်လျက်ပုံစံဖြင့် လည်းကောင်း သရုပ်ဆောင် စေခဲ့သည်။
စက်ရုပ်သည် လူသားတစ်ယောက်လို မည်သို့သရုပ်ဆောင်သည်ကို သိရှိလိုကြမည် ဖြစ်သည်။ စက်ရုပ်ကို စကားဟြေ ဆိုနိုင်အောင် စက်ကိရိယာများဖြင့် ထိန်းချုပ် ညွှန်ကြားစေခြင်း ဖြစ်သည်။ အိုဆာကာ တက္ကသိုလ်မှ တီထွင်ထားသော စက်ရုပ်ကို အခြေခံပြီး ပြုလုပ်ထားခြင်း ဖြစ်သည်။ အိုဆာကာ တက္ကသိုလ်မှ တီထွင်ထားသော စက်ရုပ်သည် ပေါင် (၇) သိန်းကျော် အထိရှိပြီး ယခု သရုပ်သော စက်ရုပ်၏ တန်ဖိုးသည် ပေါင်(၇၀၀၀၀) ကျော်သာရှိကြောင်း သိရသည်။ ယင်းစက်ရုပ်သည် စကားဟြေနိုင်ခြင်း၊ သီချင်းဆိုနိုင်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ ယင်းစက်ရုပ်ကို ကားများတွင် အသုံးပြုသည့် ကိရိယာများဖြင့် လူပ်ရှားအောင် ပြုလုပ်ပြီး လက်တော့ပ်မှတစ်ဆင့် ထိန်းချုပ်ခိုင်းစေခြင်း ဖြစ်သည်။
ယင်းစက်ရုပ်ကို တီထွင်ခဲ့သော အီရှီဂူရိုက စက်ရုပ်များသည် တစ်နေ့တွင် လူသားများ ဖြစ်လာနိုင်ကြောင်း ဟြေကြားခဲ့သည်။ ယင်းဇာတ်ကားကို ရိုက်ကူးခဲ့သော ဒါရိုက်တာ ဖူကာဒူကလည်း စက်ရုပ်ကို သရုပ်ဆောင်ခြင်းသည် များစွာထိရောက်ခြင်း၊ ကြိုက်သည့် အချိန်တွင် သရုပ်ဆောင် ခိုင်းနိုင်သောကြောင့် ကျေနပ်စရာ ဖြစ်ကြောင်း၊ သို့သော် စက်ရုပ်ကို ပြင်ဆင်ရသောကြောင့် ငွေကြေးကုန်ကျမှုတော့ ရှိနိုင်ကြောင်း ဟြေကြားခဲ့သည်။ စက်ရုပ်သည် သရုပ်ဆောင်ခိုင်းရာတွင် စိတ်ဆိုးခြင်းလည်းမရှိ ၊ စောဒက တက်ခြင်းလည်း မရှိသောကြောင့် လူသားများနှင့် အလုပ်လုပ်ရသည်ထက် ပိုမိုကောင်းမွန်ကြောင်း ဖူကာဒါက ဆက်လက် ဆိုခဲ့သည်။
ယင်းဇာတ်ကားကို ဂျပန်နိုင်ငံ၌ နိုဝင်ဘာလ (၂၁) ရက်တွင် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
The Messenger
messengernewsjournal.com
0 comments:
Post a Comment