ကိုကိုးကျွန်း ကြိုတင်မဲ ဟိုင်းကြီးကျွန်းက လူတွေ လာထည့်


ကိုကိုးကျွန်းမှာ မဲဆွယ်စည်းရုံးမယ့် NLD ကိုယ်စားလှယ်လောင်းတွေ အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင် ရှိ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းစဉ်။ ဓါတ်ပုံ - မမိုးကလျာဦး/RFA
 ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်မှာ အင်္ဂါနေ့က ကြိုတင်မဲ စတင်ပေးရာမှာ မဲလာပေးသူ ၅၆ ဦးဟာ ဟိုင်းကြီးကျွန်းမှာ နေထိုင်သူတွေဖြစ်တယ်လို့ မဲရုံကိုစောင့်ကြည့်နေတဲ့ NLD ပါတီဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွတ်တော် ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်မြေ ၂ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLDပါတီ ကိုယ်စားလှယ် ဦးဝင်းကိုကို က အခုလို ပြောပြပါတယ်။

"ကိုကိုးကျွန်းမှာနေတဲ့သူတွေမဟုတ်ဘူး ဟိုင်းကြီးမှာနေတဲ့သူတွေ သင်္ဘောကြီးနဲ့ခေါ်လာတယ် ၊ ခေါ်လာပြီးတော့ ဒီမှာ ကိုကိုးကျွန်းမှာရှိတဲ့ ဆည်တွေ၊ လေဆိပ်တွေရဲ့ အဲ့ဒီမှာရှိတဲ့နေရာတွေမှာထားတယ်၊ အဲ့ဒီမှာရှိတဲ့သူတွေက ဒီကလူတွေမဟုတ်ဘူး၊ ဟိုင်းကြီးကနေ ဈေးလာဝယ်တဲ့ မိန်းမတွေပေါ့နော်၊ ဒါကဘယ် ဘယ်သူဆိုတဲ့ဟာမျိုး အခုကြိုတင်မဲ ဒီနေ့လာပေးတဲ့သူတွေ ဟိုင်းကြီးကလူတွေပါ"

ကိုးကိုးကျွန်းမှာ ထုတ်ပြန်တဲ့မဲစာရင်းမှာ ဟိုင်းကြီးကျွန်းက လူ ၁၉၁ ဦး ပါနေတာဖြစ်ပြီး သူတို့ဟာ ကိုးကိုးကျွန်း မဲစာရင်းမှာပါနေသလို ဟိုင်းကြီးကျွန်းမဲစာရင်းမှာလည်း ပါနေတာကြောင့် ကာယကံရှင် နှစ်သက်ရာမှာ မဲပေးနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောဆိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုးကိုးကျွန်းမဲဆန္ဒနယ်မြေမှာ နေထိုင်တဲ့ တပ်မတော်သား စာရင်းအတိအကျမသိရဘဲ တပ်သား ၆ဝဝ ကျော် စာရင်းတင်ထားတာကြောင့် မြို့နယ်အတွင်းရှိ လူဦးရေရဲ့ထက်ဝက်ဟာ တပ်မတော်သားဖြစ်နေ တယ်လို့ ဦးဝင်းကိုကိုက ပြောပါတယ်။ ဒါပေမဲ့လက်တွေ့မှာ တကယ်တန်းရှိနေတဲ့ တပ်မတော်သား အရေအတွက်ကိုလည်း အတိအကျ မသိရှိရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ကိုကိုးကျွန်းမှာနေထိုင်တဲ့ ပြည်သူတွေကို တယ်လီဖုန်းကတဆင့် စကားပြောဖို့ စီစဉ်ထားပေမဲ့ တယ်လီဖုန်းလိုင်း လုံးဝမရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် ပြောကြားခဲ့ပါတယ်။ ဒီပြောကြားချက်ကို ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ ထပ်ဆင့် ထုတ်လွင့်ချက်ကို ကိုကိုးကျွန်းက ပြည်သူတွေ ကြားသိခွင့်ရရှိခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment